စာရင်းစစ်ကော်မတီ
စာရင်းစစ်ကော်မတီ
- စာရင်းစစ်ကော်မတီအဖွဲ့ဝင်များကို ၂၀၁၆ ခုနှစ် ပြဌာန်းထားသော ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၈၅(ခ)အရ ဘဏ်ဒါရိုက်တာအဖွဲ့မှ ခန့်အပ်တာဝန်ပေးအပ်ပါသည်။
- စာရင်းစစ်ကော်မတီအဖွဲ့ဝင်များသည် နယ်ပယ်အသီးသီးရှိ Non-Excecutive Director များ ဖြစ်ကြပြီး Independent Directors များကိုလည်း ထည့်သွင်းဖွဲ့စည်းထားပါသည်။
- စာရင်းစစ်ကော်မတီအဖွဲ့သည် ဘဏ်တွင်းစာရင်းစစ်လုပ်ငန်း၏ ထိရောက်မှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဘောင်နှင့် ဌာနတွင်းထိန်းချုပ်မှုစနစ်တို့နှင့်စပ်လျဉ်း၍ စီစစ်တွေ့ရှိမှုများကို အခြေပြုကာ ဘဏ် ဒါရိုက်တာအဖွဲ့သို့ အကြံဉာဏ်များ ပေးလျက်ရှိပါသည်။
- ထိန်းချုပ်မှုအားနည်းချက်များ၊ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းများကို ကိုက်ညီမှုမရှိခြင်း၊ စာရင်းစစ် များနှင့် အခြားထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများမှ ခွဲခြားသတ်မှတ်ထားသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော မှန်ကန်သည့် အရေးယူ ဆောင်ရွက်မှုများကို အကြီးတန်းစီမံခန့်ခွဲမှုမှ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြောင်း သေချာစေရန် စာရင်းစစ်ကော်မတီတွင် တာဝန်ရှိပါသည်။
- စာရင်းစစ်ကော်မတီသည် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၅(င) အရ သုံးလ တစ်ကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျှက် ရှိပါသည်။
ပြင်ပစာရင်းစစ်ခန့်အပ်မှု
- ပြင်ပစာရင်းစစ်ခန့်အပ်မှုအား ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၈ အရ ဆောင်ရွက်လျှက်ရှိပါသည်။
ဘဏ္ဍာရေး အစီရင်ခံစာများ
- ပြင်ပစာရင်းစစ်အဖွဲ့မှ ဘဏ္ဍာရေးအစီရင်ခံစာများအား နှစ်စဉ်ပြင်ဆင်ဆောင်ရွက်ပြီး အစုရှယ်ယာရှင် များ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး မတိုင်ခင် ပေးပို့ကာ အတည်ပြုချက် ရယူပါသည်။
Customer Journey
- ဘဏ်တွင်းစာရင်းစစ်ဌာနသည် မိမိဘဏ်၏ ဌာနကြီးများနှင့် ဘဏ်ခွဲများကို Internal Customer များ အဖြစ် သတ်မှတ်လျက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား တည့်မတ်ပေးခြင်း၊ စီစစ်တွေ့ရှိချက်များအား စာရင်းစစ်ကော်မတီသို့ အစီရင်ခံတင်ပြခြင်းများကို အလေးထားဆောင်ရွက်ပါသည်။
- ပြင်ပစာရင်းစစ်အဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာရင်းစစ်အဖွဲ့များမှ ဘဏ်သို့ လာရောက်စစ်ဆေး သည့်အခါ Management ၊ ဌာနကြီး များနှင့် ဘဏ်ခွဲများကိုယ်စား ဆက်သွယ်ဆောင်ရွက်ပါသည်။
Brand Consistency
- ဘဏ်၏ပုံရိပ်ကိုခိုင်မာစေရေးအတွက် စာရင်းများတိကျမှန်ကန်မှုရှိစေရန်နှင့် ဥပဒေများ၊ စည်းမျဉ်းများ၊ ဘဏ်တွင်း မူဝါဒများအား လိုက်နာမှုရှိစေရန် စာရင်းစစ်ဆေးခြင်းအား ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။