
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
မြန်မာ့ခရီးသွားဘဏ်၏ ချေးငွေကော်မတီကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ (၇၅/က) အရ ဖွဲ့စည်းထားပြီး ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ ရွေးချယ်ထားသော ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ငွေရေးကြေးရေးအရာရှိချုပ်နှင့် ချေးငွေဆိုင်ရာ အရာရှိချုပ် တို့ဖြင့် ဖွဲ့စည်းထားပါသည်။
ချေးငွေကော်မတီအစည်းအဝေးများကို အနည်းဆုံး နှစ်ပတ်လျှင် တစ်ကြိမ် ကျင်းပပြီး ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ရပါသည်။ ထိုကဲ့သို့ ဆုံးဖြတ်ရာတွင် ချေးငွေ၏ အခြေခံမူဝါဒများဖြစ်သော ပြန်လည်ကောက်ခံရရှိနိုင်မှု (collectable)၊ ဘဏ်၏ အမြတ်အစွန်းရရှိနိုင်မှု (Profitable) နှင့် လုပ်ငန်းရှင်များနှင့် စားသုံးသူတို့၏ ချေးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု (Credit needs for businesses and consumers) တို့အား အခြေခံ၍ ဆုံးဖြတ်ရပြီး ဆုံးဖြတ်ချက်များကို တစ်လ တစ်ကြိမ် ကျင်းပသည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရပါသည်။
ချေးငွေကော်မတီသည် ချေးငွေရယူလိုသူအမျိုးမျိုး၏ ချေးငွေရည်ရွယ်ချက်အားလုံးနှင့် သင့်လျော်သည့် ချေးငွေအမျိုးအစားအသီးသီးကို ထုတ်ချေးနိုင်ရေးအတွက် သင့်လျော်သည့် ချေးငွေမူဝါဒများကို ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူထားပြီး ချေးငွေ ထိုက်တန်သူများကို ရှာပေး၍ ထုတ်ချေးနိုင်ရေး ဆောင်ရွက်ရပါသည်။