ဥပဒေရေးရာဌာန
မြန်မာ့ခရီးသွားဘဏ်၏ ဘဏ်လုပ်ငန်းများတွင် ဥပဒေရေးရာဌာနသည် နိုင်ငံတော်မှ ချမှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဥပဒေရေးရာစီမံခန့်ခွဲခြင်းများကို ဆောင်ရွက်ရသော ဌာနဖြစ်ပါ သည်။ ဥပဒေရေးရာစီမံခန့်ခွဲခြင်းတွင် ဥပဒေရေးရာထိခိုက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ကုစားခြင်းတို့ ပါဝင်ပါသည်။
ဘဏ်၏ လုပ်ငန်းဝန်ဆောင်မှုများအား တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန်နှင့် ဘဏ်၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘဏ်၏ဥပဒေရေးရာဌာနအား ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျှက်ရှိပါသည်။
ဥပဒေရေးရာဌာန၏ အဓိကလုပ်ငန်းစဉ်များ
- အဖွဲ့အစည်းအတွင်းတွင် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးဆိုင်ရာများနှင့် ကြံဆတွေးခေါ်မှုများအား လက်ခံကျင့် သုံးခြင်း။
- ဘဏ်ရှိနားလည်မှုစာချွန်လွှာများနှင့် ပဋိညာဉ်စာချုပ်များအား ဥပဒေနှင့်အညီရေးသားခြင်း၊ ပြန်လည်သုံးသပ် ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း။
- ဥပဒေနှင့်အညီ ဥပဒေအကြံပြုချက်များပေးခြင်း။
- ချေးငွေဆိုင်ရာဆက်စပ်စာချုပ်များနှင့် Operational Risk Management ကဲ့သို့ လုပ်ငန်းစဉ်တို့အပေါ် ဥပဒေ ရေးရာ စစ်ဆေးစီစစ်ဆောင်ရွက်ခြင်း။
- ရှေ့နေနို့တစ် ထုတ်ဆင့်ခြင်း၊ တရားမမှုနှင့် ရာဇဝတ်မှုများ စီမံဆောင်ရွက်ခြင်း။
- ဘဏ်၏လုံခြုံမှုစွမ်းရည်အားမြှင့်တင်ရန် မသမာမှုစုံစမ်းစစ်ဆေးရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ဆောင် ရွက်ခြင်း။
- ဥပဒေရေးရာကိစ္စရပ်များအား စီမံခန့်ခွဲခြင်း၊ ဥပဒေဆိုင်ရာ ထိခိုက်နစ်နာမှုများအား တားဆီး ကာကွယ်ခြင်းနှင့် ပြန်လည်ကုစားခြင်း။
- Business ဌာနများအနေဖြင့် ဥပဒေကိစ္စရပ်များအား နားလည်သိရှိစေရန်အလို့ဌာ လုပ်ငန်းပိုင်းဆိုင်ရာများ အပေါ်တွင် ဥပဒေရှုထောင့်မှ အကြံဉာဏ်များပံ့ပိုးပေးခြင်းဖြင့် ဘဏ်၏ဝင်ငွေရရှိစေရေး အထောက်အကူပြု ဆောင်ရွက်ပေးခြင်း။
- ဘဏ်ဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိဉာဏ်ဗဟုသုတတိုးမြှင့်စေရေးနှင့် ဥပဒေဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲ ခြင်းများအတွက် သင်တန်းပေးခြင်း/ အသိပညာမျှဝေပေးခြင်း။
- ယုံမှတ်အပ်နှံခံရသူခံရသူအဖြစ် ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်ခြင်း။
Advantages of the Legal Department
- Safety, Soundness and Stability
- Bank Income
- Legal risks management