About Mobile Banking
မြန်မာ့ခရီးသွားဘဏ်၏ Mobile Banking ဝန်ဆောင်မှုသည် သင်၏ Mobile Smart Phone များနှင့် Tablets များကဲ့သို့သော မိုဘိုင်းစနစ်များကို အသုံးပြု၍ အမျိုးမျိုးသော ဘဏ်လုပ်ငန်းများနှင့် ငွေစာရင်းလွှဲပြောင်းခြင်းလုပ်ငန်းများကို ပြုလုပ်နိုင်ပါသည်။ လွယ်ကူအဆင်ပြေပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်သော ဘဏ်လုပ်ငန်း၏အတွေ့အကြုံကို ပေးဆောင်သွားမည် ဖြစ်ပါသည်။
Feature
ဘဏ်ခွဲများသို့ လူကိုယ်တိုင်သွားရောက်စရာမလိုဘဲ မိမိ၏ MTB အကောင့်မှ တဆင့် အခြား MTB အကောင့် အချင်းချင်းနှင့် အခြားပြည်တွင်းဘဏ်အကောင့်များသို့ MTB Mobile Banking Application ကိုအသုံးပြုပြီး အချိန်ကုန်သက်သာစွာဖြင့် ငွေလွှဲပြောင်းနိုင်ပါသည်။
မိမိအသုံးပြုထားသော Transaction များ၏ Mini Statement ကို Mobile Banking Application မှတဆင့် လွယ်ကူလျင်မြန်စွာဖြင့် Download ရယူစစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
မြန်မာ့ခရီးသွားဘဏ်၏ Mobile Banking Application မှတဆင့် မြန်မာနိုင်ငံရှိ ဖုန်းအော်ပရေတာများအားလုံးတွင် အချိန်မရွေး အဆင်ပြေချောမွေ့စွာ ကြိုတင်ငွေဖြည့်သွင်းခြင်းနှင့် ဒေတာပလန် ဝယ်ယူခြင်းများအား ဆောင်ရွက်နိုင်ပါသည်။
မြန်မာ့ခရီးသွားဘဏ် Mobile Banking ဝန်ဆောင်မှုအား နီးစပ်ရာ ဘဏ်ခွဲများတွင် လွယ်ကူလျင်မြန်စွာဖြင့် လျှောက်ထားရယူနိုင်ပါသည်။