မြန်မာနိုင်ငံ၏ Business Analysis ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်များကို လေ့လာသင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ Matrix College မှ ကျင်းပပြုလုပ်သော “IIBA Official Program Launch Event & Free Seminar” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Tower ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်မှလည်း ပါဝင်အားဖြည့်ပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် Matrix College အနေဖြင့် ကနေဒါအခြေစိုက် IIBA® ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော Official Academic Partner အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး၊ “Insights into Business Analysis: Roles, Skills, and Value Creation” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် U Ye Mon Min (Chief Business Officer – Wave Money)၊ U Win Lwin (Chief Executive Officer – Myanma Tourism Bank)၊ U Wai Lin Htun (Instructor and Certified Business Intelligence & Data Analyst – Matrix College) တို့မှ Panelists များအဖြစ် ပါဝင်ခဲ့ကြပြီး Daw May Sopyae Nyan, CFA (Founder & Managing Director- Matrix College) မှ Moderator အဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ Digital Transformation ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် BA Skillsets များ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မှုများနှင့် Business Value Creation အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြပါသည်။
ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသော အင်အားတစ်ရပ်ပင်ဖြစ်တာကြောင့် MTB Bank အနေဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ပေါင်းကူးပေးသည့် ယခုကဲ့သို့သော အစီအစဉ်များတွင်လည်း အစဉ်တစိုက် ပါဝင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


