page-loading
သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြုချက်ဖြင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁) နှင့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့အတူ ပူးပေါင်း၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက်   နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုအား အများပြည်သူသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

𝐌𝐓𝐁 ဘဏ်နှင့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုဆောင်ရွက်ခြင်းမှ အဓိက အကျိုးကျေးဇူးများအနေဖြင့်

– ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ 𝐌𝐓𝐁 ဘဏ်ခွဲ (၁၈) ခုရှိရာ ဒေသများမှနေ၍  လွယ်ကူစွာ ငွေလွှဲ ထုတ်ယူနိုင်ခြင်း

– 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ အဆင့်မြင့်နည်းပညာကိုအခြေပြု၍ 𝐌𝐓𝐁 ဘဏ်၏ လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့် ချိတ်ဆက်ဝန်ဆောင်မှုကို ရယူနိုင်ခြင်း

– 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 𝐎𝐧𝐥𝐢𝐧𝐞 ၏ ဝက်ဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပ်မှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းများစွာအနက် သင့်ကြိုက်နှစ်သက်သည့် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ ကမ္ဘာတစ်ဝှမ်းရှိ တည်နေရာ (၄၄၀,၀၀၀) ကျော်အနက်မှ မည်သည့်နေရာတစ်ခုကိုမဆို သွားရောက်၍ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လွယ်ကူစွာငွေလွှဲနိုင်ခြင်း

– ဝန်ဆောင်ခသင့်တင့်ပြီး ယုံကြည်စိတ်ချနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။

 

ဤနေ့၊ ဤအချိန်အခါကာလ၌ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအား အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  မြန်မာ့ခရီးသွားဘဏ် အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်မှ “ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက် ယခုကဲ့သို့ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 နှင့် 𝐌𝐓𝐁 တို့ပူးပေါင်း၍ ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို ပိုမို စိတ်ချ၊ မြန်ဆန်၊ လွယ်ကူ၊ လျင်မြန်မှုရှိအောင်   ကြိုးစားလုပ်ဆောင်ရန် 𝐌𝐓𝐁 ဘဏ်အနေဖြင့် ကတိပြုပါ ကြောင်း”  ပြောကြားခဲ့သလို 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ 𝐒𝐨𝐮𝐭𝐡 𝐄𝐚𝐬𝐭 𝐀𝐬𝐢𝐚, 𝐈𝐧𝐝𝐨 𝐂𝐡𝐢𝐧𝐚 & 𝐎𝐜𝐞𝐚𝐧𝐢𝐚 ၏ ဒေသတာဝန်ခံဖြစ်သူ 𝐌𝐫.𝐕𝐢𝐣𝐚𝐲 𝐑𝐚𝐣 𝐏𝐨𝐝𝐮𝐯𝐚𝐥 မှလည်း “ 𝐌𝐓𝐁 ဘဏ်နှင့် ယခုလို ပူးပေါင်း အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံသားတို့၏ မြန်မာနိုင်ငံအတွင်းရှိ မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် နေ့စဉ်လူမှုဘဝ အသုံးစရိတ်များအတွက် မိတ်ဆွေတို့ရဲ့ လွှဲပြောင်းပေးပို့လိုက်သော ငွေကြေးတိုင်းအတွက် အထူးအလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုထပ်လောင်း အသိပေးပြောကြားခဲ့ပါသည်။

 

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍတွင် ခေတ်မီအဆင့်မြင့် သောဝန်ဆောင်မှုများဖြင့် မိဘပြည်သူများ တိုးတက်၊ အောင်မြင်မှုများရရှိစေရန် အလေးထားဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 သည် ကမ္ဘာအနှံ့ငွေလွှဲဝန်ဆောင်မှုများတွင် ဦးဆောင်နေသော ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း (၂၀၀) ကျော်ရှိ လူဦးရေ သန်း (၅၀) ကျော်အား ဝန်ဆောင်မှုပေးကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံကျော် ငွေလွှဲပြောင်းမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းအပ်ပလီကေးရှင်းနှင့် အွန်လိုင်း ကွန်ယက်များဖြင့် ကမ္ဘာအနှံ့ငွေလွှဲပြောင်းဝန်ဆောင်မှုများကို မြန်ဆန်၊ လုံခြုံစွာ ဆောင်ရွက်လျက်ရှိပါသည်။

 

𝐅𝐨𝐫 𝐌𝐨𝐫𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧, 𝐏𝐥𝐞𝐚𝐬𝐞 𝐂𝐨𝐧𝐭𝐚𝐜𝐭:

𝐍𝐀𝐌𝐄        : Kay Thwe Than (Mrs)

𝐏𝐎𝐒𝐈𝐓𝐈𝐎N : Assistant General Manager, Myanma Tourism Bank

𝐄𝐌𝐀𝐈𝐋       : kaythwethan@mtb-bank.com

𝐏𝐇𝐎𝐍𝐄      : 09-680682862

03 June 2025

နောက်ဆုံးရသတင်းများ

csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
IIBA Official Program Launch Event & Free Seminar

မြန်မာနိုင်ငံ၏ Business Analysis ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်များကို လေ့လာသင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ Matrix College မှ ကျင်းပပြုလုပ်သော “IIBA Official Program Launch Event & Free Seminar” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Tower ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်မှလည်း ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Matrix College အနေဖြင့် ကနေဒါအခြေစိုက် IIBA® ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော Official Academic Partner အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး၊ “Insights into Business Analysis: Roles, Skills, and Value Creation” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် U Ye Mon Min (Chief Business Officer - Wave Money)၊ U Win Lwin (Chief Executive Officer - Myanma Tourism Bank)၊ U Wai Lin Htun (Instructor and Certified Business Intelligence & Data Analyst - Matrix College) တို့မှ Panelists များအဖြစ် ပါဝင်ခဲ့ကြပြီး Daw May Sopyae Nyan, CFA (Founder & Managing Director- Matrix College) မှ Moderator အဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ Digital Transformation ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် BA Skillsets များ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မှုများနှင့် Business Value Creation အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြပါသည်။ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသော အင်အားတစ်ရပ်ပင်ဖြစ်တာကြောင့် MTB Bank အနေဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ပေါင်းကူးပေးသည့် ယခုကဲ့သို့သော အစီအစဉ်များတွင်လည်း အစဉ်တစိုက် ပါဝင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow