page-loading

Corporate Social Responsibility

At MTB Bank, we understand the importance of corporate social responsibility (CSR). Therefore, our CSR initiatives are aimed at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရေးကဏ္ဍ

၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်သည် ဦးစီးပဓာန၊ နာယက ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၏ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ရဟန်းသံဃာများနှင့် ကလေးများအတွက် လိုအပ်သော အစားအသောက်၊ လှူဖွယ်ဝတ္တုငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (ဝါးပင် ၇၀၀ နှင့် အာကေးရှား ၁၃၀၀ ပင်)အပါအဝင် အပင် ၂၀၀၀ ကို စိုက်ပျိုးလှူဒါန်းမှုပြုခဲ့ပါသည်။ လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်အလေးထားခြင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများမှ ဇွန်လတွင် မွေးဖွားသည့် MTB ဝန်ထမ်းများ၏ မွေးနေ့အား တစုတစည်းတည်း ကျင်းပခဲ့ခြင်းဖြင့် အပြန်အလှန်ဂရုပြုသော လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ဘဏ်၏ လူမှုရေးနှင့်ပညာရေး ကဏ္ဍများအပေါ်  အလေးထားဆောင်ရွက်မှု အပေါ် တုန့်ပြန်ထင်ဟပ်စေခဲ့ပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သွေးလှူဒါန်းခြင်း (ဇန်နဝါရီ-၂၀၂၄)

မြန်မာ့ခရီးသွားဘဏ် မိသားစု၏ ပထမဆုံး “စုပေါင်း သွေးလှူဒါန်းပွဲ”ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ “ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီး” တို့တွင် ဘဏ်၏ အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် လူမှုအကျိုးပြုလုပ်ငန်းတစ်ရပ်အနေဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ်မိသားစု၏အာဟာရဒါန

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် မိသားစုမှ ကြက်သားဟင်း၊ ဟင်းသီး ဟင်းရွက်ကြော်၊ အာလူးကြော် နှင့် အချဉ်ဟင်းရည်စသည့် အာဟာရဖြစ်စေသော အစားအစာများ ပါဝင်သည့် နေ့လည်စာ ဗူး ၁၀၀၀ ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် မန္တလေးကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးများသို့ လှူဒါန်းခဲ့ကြသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow