page-loading

အရစ်ကျချေးငွေ

ထုတ်ချေးထားသော ချေးငွေပေါ်တွင် ချေးငွေအရင်းပမာဏ ကို လစဉ်၊သုံးလတစ်ကြိမ် အရစ်ကျပေးဆပ်ရသော ချေးငွေအမျိုးအစားဖြစ်ပါသည်။ လက်ကျန် ချေးငွေပေါ်တွင်သာ အတိုးပေးဆပ်ရန် လိုအပ်ပါသည်။

အငှားဝယ်စနစ်ချေးငွေ

ဘဏ်မှပစ္စည်းအား ဝယ်ယူ၍ Customer ထံသို့ အငှားချထားပြီး လစဉ်ဌားရမ်းခ (အရင်း+အတိုး) အားပေးဆပ် ရသော ချေးငွေအမျိုးအစားဖြစ်သည်။ ဘဏ်သည်အခွင့်ရအရောင်းကိုယ်စားလှယ် (Authorised Dealer) ထံမှပစ္စည်းကိုဝယ်ယူ၍ Customer ထံသို့ငှားရမ်းပေးထားခြင်းဖြစ်သည်။ သတ်မှတ်သက်တမ်းအား ပြည့်လျှင် ၎င်းပစ္စည်းကို Customer သည် အပိုင်ရရှိသွားခြင်းဖြင့် ချေးငွေသက်တမ်းလည်းပြီးဆုံးပါသည်။

Find the perfect loan to suit your needs

green-fin
ကားအငှားဝယ်စနစ်ချေးငွေ

အငှားဝယ်စနစ်ချေးငွေ

  • လက်ငင်းပေး၍ဝယ်ယူရန် အခက်အခဲရှိသော ပုံမှန်ဝင်ငွေရှိစားသုံးသူများအနေဖြင့် ၎င်းတို့အလိုရှိသောမော်တော်ယာဉ်အား ဝယ်ယူရန် ဤချေးငွေအမျိုး အစား ကို လျှောက်ထားနိုင်ပါသည်။
green-fin
ဆိုလာနှင့်လျှပ်စစ်ကားချေးငွေ

အရစ်ကျချေးငွေ

  • ဆိုလာနှင့်လျှပ်စစ်ကားချေးငွေ(Green Financing H.P) ။ Green Financing Products များဖြစ်သော Solar နှင့် EV ကားများအားလက်ငင်းပေး၍ဝယ်ယူရန် အခက်အခဲရှိသော ပုံမှန် ဝင်ငွေရှိစားသုံးသူများ အနေဖြင့် ၎င်းတို့အလိုရှိသောကုန်စည်ကို အရစ်ကျဝယ်ယူနိုင်ရန် ဤချေးငွေအား လျှောက်ထားနိုင် ပါသည်။
green-fin
အိမ်ယာအရစ်ကျချေးငွေ

အရစ်ကျချေးငွေ

  • အိမ်ခြံမြေ ဝယ်ယူရန်အတွက် ငွေကြေးမပြည့်စုံသောပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရန် ဤအိမ်ရာ ချေးငွေအမျိုးအစား ကို လျှောက်ထားနိုင်သည်။
green-fin
အပ်ငွေကိုအပေါင်ပြုသော ကာလတိုချေးငွေ

အရစ်ကျချေးငွေ

  • စာရင်းသေအပ်နှံငွေအား ကာလရှည်အပ်နှံထားရှိသူများ၊ လတ်တလော ငွေကြေးအခက်အခဲ ရှိသောငွေစုဘဏ်အပ်ငွေများအတွက် ၎င်းတို့၏အပ်နှံငွေကိုမထိခိုက်ဘဲ အနည်းငယ် မြင့်မား သော အတိုးနှုန်းဖြင့် အပ်နှံငွေကိုအပေါင်ပြု၍ ဤချေးငွေကို လျှောက်ထားနိုင်ပါသည်။
green-fin
ပညာရေးချေးငွေ

အရစ်ကျချေးငွေ

  • နိုင်ငံအတွင်းရှိ အများပြည်သူများမှ ပညာသင်ကြားလိုသူများ သည် ကုန်ကျစရိတ်အား တစ်လုံးတစ်ဝတည်းကုန်ကျခြင်းမရှိဘဲ၊ အရစ်ကျပေးဆပ်ရမည့် အစီအစဉ် ဖြင့် ပညာရေးဝန်ဆောင်မှု ချေးငွေအား လျှောက်ထားနိုင်ပါသည်။
green-fin
ဝန်ထမ်းခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ကုမ္ပဏီများ၊ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ၏ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်ခြင်းများအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာများမှ အာမခံပေးမည့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာသို့စုပေါင်း ထုတ်ချေး ပေးမည်ဖြစ်ပြီးသက်ဆိုင်ရာကုမ္ပဏီ/ဌာနဆိုင်ရာ (Corporate) မှ Corporate Guarantee အဖြစ်တာဝန်ယူသော ခရီးသွားချေးငွေအမျိုးအစားဖြစ်ပါသည်။
green-fin
အသင်းအဖွဲ့များနှင့်ခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ငွေကြေး အဖွဲ့အစည်း (သို့မဟုတ်) အသင်းအဖွဲ့များသို့ ထုတ်ချေးသည့် ချေးငွေအမျိုးအစားဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှ လစဉ်ပြန်လည်ပေးဆပ်ရမည့်ပမာဏများအား စုပေါင်း၍လျှောက်ထားခြင်း ဖြစ်သည်။
green-fin
ခရီးသွားအသင်းများနှင့် ခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ငွေကြေးမပြည့်စုံသော ပြည်တွင်း၊နိုင်ငံရပ်ခြားသို့ ခရီးသွားချင်သူများအတွက် ခရီးသွား ကုမ္ပဏီ/ အဖွဲ့ အစည်းများမှတစ်ဆင့် လျှောက်ထားရာတွင် ထုတ်ချေးမည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။