Find other Banking Services
ငွေပေးအမိန့်လွှာ
- မြန်မာ့ခရီးသွားဘဏ် ၊ ဘဏ်ခွဲများတွင် ငွေသားဖြင့်လည်းကောင်း ၊ စာရင်းပြောင်းနည်းဖြင့် လည်းကောင်း ငွေပေးအမိန့်လွှာ (PO) များကို လျှောက်ထားရယူနိုင်ပါသည်။ (ယုံကြည်စိတ်ချစွာ ပေးချေနိုင်၍) ဘဏ်အာမခံချက်လက်မှတ်ဟု ခေါ်ဆိုနိုင်ပါသည်။ ကော်မရှင် – ၀.၁၀% အနည်းဆုံး – ကျပ် ၁၀၀ အများဆုံး – ကျပ် ၃၀,၀၀၀
လက်ဆောင်ချက်
- မြန်မာ့ခရီးသွားဘဏ် ၊ ဘဏ်ခွဲများတွင် ငွေသားဖြင့်လည်းကောင်း ၊ စာရင်းပြောင်းနည်းဖြင့် လည်းကောင်း ၊ လက်ဆောင်ချက်များကို လျှောက်ထားရယူနိုင်ပါသည်။ မွေးနေ့လက်ဆောင် ၊ မင်္ဂလာလက်ဖွဲ့နှင့် အခြားကိစ္စများအတွက် ယုံကြည်စိတ်ချအဆင်ပြေ စွာ ပေးအပ်နိုင်သော လက်ဆောင်ချက် ဖြစ်ပါသည်။ ကော်မရှင် – ချက်တစ်စောင်လျှင် ၅၀၀
အာမခံချက်
- အာမခံချက် ငွေပေးချေမှုများ သေချာစွာ ပြီးမြောက်နိုင်စေရန်အတွက် Customer ၏ ချက်လက်မှတ်ပေါ် တွင် ဘဏ်မှ အာမခံချက် ပြုလုပ်ပေးပါသည်။ ချက်လက်မှတ် လက်ခံရရှိသူသည် ဘဏ်မှအာမခံချက် ပြုလုပ်ပေးထားသော Cheque လက်မှတ်ကို ယုံကြည်စိတ်ချ အဆင်ပြေစွာ လက်ခံရယူနိုင်မည် ဖြစ်ပါသည်။ ကော်မရှင် – ၀.၀၅% အနည်းဆုံး – ကျပ် ၁,၀၀၀ အများဆုံး – ကျပ် ၅,၀၀၀
ဝန်ထမ်းလစာထုတ်ပေးခြင်း ဝန်ဆောင်မှု
- ဝန်ထမ်းလစာထုတ်ပေးခြင်း ဝန်ဆောင်မှု (Payroll Service) ကုမ္ပဏီအဖွဲ့အစည်းများတွင် ဝန်ထမ်းအလုပ်သမားများ၏ လစဉ်လစာထုတ်ပေးခြင်းကိစ္စများကို ဘဏ်၏ Payroll Service ဝန်ဆောင်မှုကို ရယူဆောင်ရွက်နိုင်ပါသည်။ ဘဏ်၏ Payroll Service ရယူဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး အလုပ်ရှုပ်ထွေးမှုများ လျော့နည်းစေနိုင်ပါသည်။ ဝန်ထမ်းများသည် ဘဏ်တွင် စာရင်းဖွင့်လှစ်ထားပြီး ဒီဂျစ်တယ်နည်းပညာ ဘဏ်လုပ်ငန်း များကို အသုံးပြု၍ ငွေသွင်းငွေထုတ်လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်ခ – ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၂၀၀
လုံခြုံမှုအပ်နှံသေတ္တာငှါးရမ်းခြင်းလုပ်ငန်း
- လုံခြုံမှုအပ်နှံသေတ္တာတွင် မိမိတို့၏ ရွှေနှင့်ကျောက်မျက်ရတနာများ ၊ အရေးကြီးစာချုပ် စာတမ်းနှင့် စာရွက်စာတမ်းများ ၊ အခြားတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချစွာ အပ်နှံထိန်း သိမ်း ထားရှိနိုင်ပါသည်။
- မိမိလိုအပ်ချက်နှင့် ကိုက်ညီမည့် လုံခြုံမှုအပ်နှံသေတ္တာအရွယ်အစားကို ရွေးချယ်အပ်နှံနိုင်ပါ သည်။