About အိမ်ယာအရစ်ကျချေးငွေ
အိမ်ခြံမြေ ဝယ်ယူရန်အတွက် ငွေကြေးမပြည့်စုံသောပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရန် ဤအိမ်ရာ ချေးငွေအမျိုးအစား ကို လျှောက်ထားနိုင်သည်။
ကနဦးပေးသွင်းငွေ | ချေးငွေပမာဏ | ဘဏ်ဝန်ဆောင်ခ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
၃၀% | ၇၀% | အများဆုံး ၅ နှစ် ၂%
အများဆုံး ၁၀ နှစ် ၃% အများဆုံး ၁၅ နှစ် ၅% |
အများဆုံး ၁၅ နှစ် | ၁၂% မှ ၁၅% |
Residential Mortgage Loan/Apartment HP ဖြင့် ဝယ်ယူနိုင်သော အိမ်ရာအမျိုးအစားများ
- လုံးချင်းအိမ်ရာ(မြေနှင့်အဆောက်အဦးတွဲလျက်) (အဆောက်အဦးသည် RC Type ဖြစ်ရပါမည်)
- တိုက်ခန်း(တန်ဖိုးနည်းတိုက်ခန်းများ၊ စီမံကိန်းအိမ်ရာများ၊ အခြားတိုက်ခန်းအမျိုးမျိုး)
- မီနီကွန်ဒိုများ
- ကွန်ဒိုများ
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လူပုဂ္ဂိုလ်၏ လိုအပ်ချက်
- လျှောက်ထားသူမှတ်ပုံတင်မိတ္တူ နှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
- အာမခံသူသန်းခေါင်စာရင်းဝင်(သို့မဟုတ်) တစ်အိမ်တည်းနေထိုင်သူ(သို့မဟုတ်) နာမည်ကောင်းရှိ ထားသူ တစ်ဦးဦး၏ မှတ်ပုံတင်မိတ္တူနှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
- လျှောက်ထားသူနှင့်အာမခံသူ၏အိမ်ထောင်စုစာရင်း။
- လျှောက်ထားသူနှင့်အာမခံသူ၏ ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)။
ဝင်ငွေထောက်ခံချက်
- သက်ဆိုင်ရာဌာန/ကုမ္ပဏီအကြီးအကဲ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် နှင့် ဝန်ထမ်းကဒ်မိတ္တူ။
- လက်ရှိရာထူးနှင့် လစာငွေပမာဏထောက်ခံချက်၊ နောက်ဆုံး ထုတ် လစာ၊ စာရင်းရှင်းတမ်း(Pay Slip) (သို့မဟုတ်) ဘဏ်မှ ထုတ်ပေးခြင်းဖြစ်ပါက ဘဏ်စာရင်းရှင်းတမ်း(Bank Statement)
လုပ်ငန်းရှင်ဖြစ်ပါက
- လုပ်ငန်းလိုင်စင်(Update)
- ဘဏ္ဍာရေးရှင်းတမ်း(၁)နှစ်စာ။(အနီးစပ်ဆုံးနှစ်)
- လုပ်ငန်းလိုင်စင်မရှိသော ကိုယ်ပိုင်လုပ်ငန်းများအတွက် အခွင့်ရကုန်စည်ရောင်းချသူမှလုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းနှင့် ဝင်ငွေရရှိမှုပမာဏကိုဖော်ပြ၍ လက်မှတ်ရေးထိုး ထောက်ခံပြီး လုပ်ငန်း ဆောင်ရွက်နေမှု ဓာတ်ပုံနှင့်တကွ တင်ပြရမည်။
လိုအပ်သောအထောက်အထားများ
- BCC (copy)
- ဝယ်ယူမည့်ပစ္စည်း၏ အချက်အလက်များ (ဂရန်၊ ဘိုးဘပိုင်၊ ဆပ်စပ်စာချုပ်၊ မြေပုံမြေရာဇဝင် (၁၀၅၊၁၀၆))
- ဝယ်ယူမည့်အိမ်ရာ၏ ကာလာဓာတ်ပုံ (၄)ပုံ (အရှေ့၊အနောက်၊ ဘေးနှစ်ဖက်၊ အတွင်း ဓာတ်ပုံများ)
- အရောင်းအဝယ်သဘောတူစာချုပ်