page-loading

Prepaid Card

MTB MPU Prepaid Card သည် ခရီးသွားရာတွင် (သို့မဟုတ်) အွန်လိုင်းမှတဆင့် ငွေပေးချေမှုများ ပြုလုပ်ရာတွင် သင့်ငွေကြေးများကို လုံခြုံပြီးအဆင်ပြေစွာ စီမံလိုသူများအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့ MPU လက်ခံသော Merchant များနှင့် ATM များတွင် MTB ၏ MPU Prepaid Card အား အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ MTB MPU Prepaid Card ကို MTB ၏ဘဏ်ခွဲများတွင် ချက်ချင်း ရယူလျှောက်ထားနိုင်ပါသည်။

debit-card

More Information

  • ငွေသားသယ်ဆောင်ရန် မလိုအပ်ခြင်း
  • လုံခြုံစွာငွေပေးချေနိုင်ခြင်း
  • MPU ကတ်များအသုံးပြုနိုင်သော နိုင်ငံတစ်ဝှမ်းရှိ ATM, POS နှင့် E-commerce တို့တွင် အသုံးပြုနိုင်ခြင်း
  • MTB ၏ ဘဏ်ခွဲများတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေသားဖြည့်တင်းမှု ပြုလုပ်နိုင်ခြင်း

MTB MPU Prepaid Card လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဘဏ်ခွဲသို့ လူကိုယ်တိုင်သွားရောက်လျှောက်ထားနိုင်ပါသည်။ ကတ်အား ချက်ချင်း ရရှိနိုင်မည်ဖြစ်ပြီး မိမိအသုံးပြုလိုသော ငွေပမာဏကို ကတ်အတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။

MTB Prepaid Card များဖြင့် သင်၏ငွေပေးချေမှု ကို အဆင့်မြှင့်တင်ပါ။ ပရိုမိုးရှင်း နှင့် ဆုခံစားခွင့်များ၊ လုံခြုံစိတ်ချစွာဖြင့် နိုင်ငံတစ်ဝှမ်းတွင် အဆင်ပြေလွယ်ကူချောမွေ့သော ငွေပေးချေမှုများအတွက် MTB ၏ Prepaid Card မှ အသင့်ရှိနေမည် ဖြစ်ပါသည်။

  • ကတ်တန်ကြေး
  • ကတ်ငွေဖြည့်သွင်းကြေး
  • ကတ်ပျောက်ဆုံးခြင်းနှင့် အစားထိုးကြေး
  • PIN ပြန်လည်ထုတ်ပေးခ
  • ကတ်သက်တမ်းတိုးမြှင့်ခ

You may also interest in

green-fin
Credit Card
  • MTB MPU Credit Card သည် မြန်မာနိုင်ငံအနှံ့ MPU ချိတ်ဆက်ထားသောနေရာများတွင် အလွယ်တကူ အသုံးပြုနိုင်စေရန် နှင့် ရိုးရှင်းလွယ်ကူစွာဖြင့် အသုံးပြုနိုင်ခြင်း တို့ဖြင့်ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ဈေးဝယ်ခြင်း၊ စားသောက်ဆိုင်များတွင် ပေးချေမှုများ နှင့် အွန်လိုင်းပေးချေမှုများကို လွယ်ကူစွာပြုလုပ်နိုင်စေခြင်း စသည့် ငွေပေးချေမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို ရရှိနိုင်ရန် ဝန်ဆောင်မှုပေးထားပါသည်။ ကတ်ကို အသုံးပြုခြင်းဖြင့် သင်၏ ငွေကြေးသုံးစွဲမှုများ အတွက် အဆင်ပြေမှုနှင့် ယုံကြည်မှုကို ခံစားရရှိနိုင်မည် ဖြစ်ပါသည်။
green-fin
Debit Card
  • မြန်မာ့ခရီးသွားဘဏ်၏ MPU Debit Card သည် Myanmar Payment Union (MPU) နှင့် ပူးပေါင်း၍ ထုတ်လုပ်ထားသော Debit Card အမျိုးအစား တစ်ခုဖြစ်ပါသည်။ မြန်မာ့ခရီးသွားဘဏ်၏ MPU Debit Card သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အဆင်ပြေလုံခြုံသော ငွေပေးချေမှုများ နှင့် ငွေသားထုတ်ယူမှုများ အတွက် အသုံးပြုနိုင်သော ကတ်တစ်ခုဖြစ်ပါသည်။ Customer များအနေဖြင့် နိုင်ငံတွင်းရှိ စျေးဆိုင်ထောင်ပေါင်းများစွာတို့တွင် အလွယ်တကူ ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီး၊ အွန်လိုင်းစျေးဝယ်ခြင်းများနှင့် MPU ကတ်လက်ခံသော ATM/CRM စက်များတွင် ချက်ချင်း ငွေထုတ်ယူနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။