About ပညာရေးချေးငွေ
နိုင်ငံအတွင်းရှိ အများပြည်သူများမှ ပညာသင်ကြားလိုသူများ သည် ကုန်ကျစရိတ်အား တစ်လုံးတစ်ဝတည်းကုန်ကျခြင်းမရှိဘဲ၊ အရစ်ကျပေးဆပ်ရမည့် အစီအစဉ် ဖြင့် ပညာရေးဝန်ဆောင်မှု ချေးငွေအား လျှောက်ထားနိုင်ပါသည်။
ကနဦးပေးသွင်းငွေ | ချေးငွေပမာဏ | ဘဏ်ဝန်ဆောင်ခ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
၂၀% | ၈၀% | ၁% ချေးငွေပမာဏ | အများဆုံး ၃ နှစ် | ၁၂% မှ ၁၅% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လိုအပ်သောအထောက်အထားများ
- ချေးငွေလျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ
- အိမ်ထောင်စုစာရင်းမိတ္တူ
- ချေးငွေလျှောက်ထားသူ၏ပတ်စပို့ဓါတ်ပုံ
- ရပ်ကွက်ထောက်ခံစာ
- တက်ရောက်လိုသော သင်တန်းကျောင်းအမည်၊ သင်ကြားမည့်အချိန်ကာလ၊ သင်ကြားလိုသည့် ပညာရပ်၊ ပေးသွင်းရမည့်သင်တန်းကြေး စသည်တို့ကို ပြည့်စုံစွာ ဖော်ပြရပါမည်။
- တက်ရောက်မည့်သင်တန်းကျောင်း၏ ထောက်ခံချက်။
ဝင်ငွေထောက်ခံချက်
- ဝန်ထမ်းကဒ်မိတ္တူ နှင့် အလုပ်ခန့်ထားခြင်းစာချုပ်မိတ္တူ။
- လက်ရှိရာထူး နှင့် လစာငွေပမာဏအပေါ် အလုပ်ရှင်(သို့) ဝန်ထမ်း ရေးရာဌာန၏ ထောက်ခံ ချက်နှင့် လစာ စာရင်းရှင်းတမ်း။ (Pay Slip/Bank Statement)
- အာမခံမည့်သူ၏ ပတ်စပို့ဓါတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့်ရပ်ကွက်တွင် နေထိုင်ကြောင်းထောက်ခံစာ
လုပ်ငန်းရှင်ဖြစ်ပါက
- Bank Statement (၆)လစာ(ရှိလျှင်)
- အခွန်ပြေစာ (၂)နှစ်စာ
- သက်တမ်းရှိလုပ်ငန်းလိုင်စင်မိတ္တူ
- ဘဏ္ဍာရေးရှင်းတမ်း (၂)နှစ်စာ
Check yours loan eligibility now!
To know your estimated loan eligibility amount, calculate at AYA Home Loan Calculator
Calculate