page-loading
home-installment-loan

About ဆိုလာနှင့်လျှပ်စစ်ကားချေးငွေ

ဆိုလာနှင့်လျှပ်စစ်ကားချေးငွေ(Green Financing H.P) ။ Green Financing Products များဖြစ်သော Solar နှင့် EV ကားများအားလက်ငင်းပေး၍ဝယ်ယူရန် အခက်အခဲရှိသော ပုံမှန် ဝင်ငွေရှိစားသုံးသူများ အနေဖြင့် ၎င်းတို့အလိုရှိသောကုန်စည်ကို အရစ်ကျဝယ်ယူနိုင်ရန် ဤချေးငွေအား လျှောက်ထားနိုင် ပါသည်။

အမျိုးအစား ကနဦးပေးသွင်းငွေ ချေးငွေပမာဏ ဘဏ်ဝန်ဆောင်ခ ချေးငွေသက်တမ်း တစ်နှစ်အတိုးနှုန်း
ဆိုလာ ထုတ်ကုန် ၅၀% ၅၀% ၁% ချေးငွေပမာဏ အများဆုံး ၁ နှစ် ၁၂% မှ ၁၅%
လျှပ်စစ်ကား ၅၀% ၇၀% ၁% ချေးငွေပမာဏ အများဆုံး ၃ နှစ် ၁၂% မှ ၁၅%

 

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

လူပုဂ္ဂိုလ်၏ လိုအပ်ချက်
  • လျှောက်ထားသူမှတ်ပုံတင်မိတ္တူ နှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
  • ထောက်ခံသူသန်းခေါင်စာရင်းဝင်(သို့မဟုတ်)တစ်အိမ်တည်းနေထိုင်သူ(သို့မဟုတ်) နာမည်ကောင်းရှိ ထားသူ တစ်ဦးဦး၏ မှတ်ပုံတင်မိတ္တူနှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
  • လျှောက်ထားသူနှင့်ထောက်ခံသူ၏အိမ်ထောင်စုစာရင်း။
  • လျှောက်ထားသူ၏ ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)
req-img
b-document
ဝင်ငွေထောက်ခံချက်
  • သက်ဆိုင်ရာဌာန/ကုမ္ပဏီအကြီးအကဲ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် နှင့် ဝန်ထမ်းကဒ်မိတ္တူ။
  • လက်ရှိရာထူးနှင့် လစာငွေပမာဏထောက်ခံချက်၊ နောက်ဆုံး ထုတ် လစာ၊ စာရင်းရှင်းတမ်း(Pay Slip) (သို့မဟုတ်) ဘဏ်မှ ထုတ်ပေးခြင်းဖြစ်ပါက ဘဏ်စာရင်းရှင်းတမ်း(Bank Statement)
c-document
လုပ်ငန်းရှင်ဖြစ်ပါက
  • လုပ်ငန်းလိုင်စင်(Update)
  • ဘဏ္ဍာရေးရှင်းတမ်း(၁)နှစ်စာ။(အနီးစပ်ဆုံးနှစ်)
  • လုပ်ငန်းလိုင်စင်မရှိသော ကိုယ်ပိုင်လုပ်ငန်းများအတွက် အခွင့်ရကုန်စည်ရောင်းချသူမှလုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းနှင့် ဝင်ငွေရရှိမှုပမာဏကိုဖော်ပြ၍ လက်မှတ်ရေးထိုး ထောက်ခံပြီး လုပ်ငန်း ဆောင်ရွက်နေမှု ဓာတ်ပုံနှင့်တကွ တင်ပြရမည်။
လိုအပ်သောအထောက်အထားများ
  • ဝယ်ယူမည့်ပစ္စည်း၏ အချက်အလက်များ(Owner Book, Premium Certificate, Wheel Tax)
  • ဝယ်ယူမည့်ပစ္စည်း၏ ဓါတ်ပုံ (ရှေ့၊နောက်၊ဘေး(၂)ဖက်၊ အတွင်းခန်း၊ ကီလို)
  • အရောင်းအဝယ်သဘောတူစာချုပ်
Check yours loan eligibility now!

To know your estimated loan eligibility amount, calculate at AYA Home Loan Calculator

Calculate

You may also interest in

green-fin
ကားအငှားဝယ်စနစ်ချေးငွေ

အငှားဝယ်စနစ်ချေးငွေ

  • လက်ငင်းပေး၍ဝယ်ယူရန် အခက်အခဲရှိသော ပုံမှန်ဝင်ငွေရှိစားသုံးသူများအနေဖြင့် ၎င်းတို့အလိုရှိသောမော်တော်ယာဉ်အား ဝယ်ယူရန် ဤချေးငွေအမျိုး အစား ကို လျှောက်ထားနိုင်ပါသည်။
green-fin
အိမ်ယာအရစ်ကျချေးငွေ

အရစ်ကျချေးငွေ

  • အိမ်ခြံမြေ ဝယ်ယူရန်အတွက် ငွေကြေးမပြည့်စုံသောပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရန် ဤအိမ်ရာ ချေးငွေအမျိုးအစား ကို လျှောက်ထားနိုင်သည်။
green-fin
အပ်ငွေကိုအပေါင်ပြုသော ကာလတိုချေးငွေ

အရစ်ကျချေးငွေ

  • စာရင်းသေအပ်နှံငွေအား ကာလရှည်အပ်နှံထားရှိသူများ၊ လတ်တလော ငွေကြေးအခက်အခဲ ရှိသောငွေစုဘဏ်အပ်ငွေများအတွက် ၎င်းတို့၏အပ်နှံငွေကိုမထိခိုက်ဘဲ အနည်းငယ် မြင့်မား သော အတိုးနှုန်းဖြင့် အပ်နှံငွေကိုအပေါင်ပြု၍ ဤချေးငွေကို လျှောက်ထားနိုင်ပါသည်။
green-fin
ပညာရေးချေးငွေ

အရစ်ကျချေးငွေ

  • နိုင်ငံအတွင်းရှိ အများပြည်သူများမှ ပညာသင်ကြားလိုသူများ သည် ကုန်ကျစရိတ်အား တစ်လုံးတစ်ဝတည်းကုန်ကျခြင်းမရှိဘဲ၊ အရစ်ကျပေးဆပ်ရမည့် အစီအစဉ် ဖြင့် ပညာရေးဝန်ဆောင်မှု ချေးငွေအား လျှောက်ထားနိုင်ပါသည်။
green-fin
ဝန်ထမ်းခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ကုမ္ပဏီများ၊ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ၏ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်ခြင်းများအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာများမှ အာမခံပေးမည့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာသို့စုပေါင်း ထုတ်ချေး ပေးမည်ဖြစ်ပြီးသက်ဆိုင်ရာကုမ္ပဏီ/ဌာနဆိုင်ရာ (Corporate) မှ Corporate Guarantee အဖြစ်တာဝန်ယူသော ခရီးသွားချေးငွေအမျိုးအစားဖြစ်ပါသည်။
green-fin
အသင်းအဖွဲ့များနှင့်ခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ငွေကြေး အဖွဲ့အစည်း (သို့မဟုတ်) အသင်းအဖွဲ့များသို့ ထုတ်ချေးသည့် ချေးငွေအမျိုးအစားဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှ လစဉ်ပြန်လည်ပေးဆပ်ရမည့်ပမာဏများအား စုပေါင်း၍လျှောက်ထားခြင်း ဖြစ်သည်။
green-fin
ခရီးသွားအသင်းများနှင့် ခရီးသွားချေးငွေ

အရစ်ကျချေးငွေ

  • ငွေကြေးမပြည့်စုံသော ပြည်တွင်း၊နိုင်ငံရပ်ခြားသို့ ခရီးသွားချင်သူများအတွက် ခရီးသွား ကုမ္ပဏီ/ အဖွဲ့ အစည်းများမှတစ်ဆင့် လျှောက်ထားရာတွင် ထုတ်ချေးမည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။