page-loading
သင်ကိုယ်တိုင်မှ စတင်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လှည့်ဖြားမှုများမှ ကာကွယ်ပါ

၁။ Online လိမ်လည်မှုများနှင့်ပတ်သက်၍ သိကောင်းစရာများ

နည်းပညာဖွံ့ဖြိုးမှုနှင့်အမျှ လူမှုကွန်ရက်အသုံးပြုမှုများလာသည်နှင့်တပြေးညီ Online အခြေပြုလိမ်လည်မှုများလည်း များပြားလာသည်မှာ ယနေ့ခေတ်ပြည်သူများကြားတွင် အရေးကြီး သော ပြဿနာတစ်ခုဖြစ်လာပါပြီ။

၂။ Online လိမ်လည်မှုဆိုတာဘာလဲ

Online လိမ်လည်မှုဆိုသည်မှာ တယ်လီ ဖုန်း၊ လူမှုကွန်ရက်၊ Website၊ Application များနှင့် Internet banking စသည့် အွန်လိုင်းပလက်ဖောင်း များကိုအသုံးချကာ အများပြည်သူများထံမှ ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက် အလက်များကို လိမ်လည်လှည့်ဖြား၍ရယူခြင်း ဖြစ် သည်။ ယင်းတို့တွင် အသုံးများလာသည့် ဝန်ဆောင်မှု များဖြစ်သော Mobile Banking၊ Mobile Pay စသည်တို့ကို လိမ်လည်မှုကြားခံအဖြစ် အသုံးပြုလာကြကြောင်း တွေ့ရှိရပါသည်။

၃။ အများဆုံးတွေ့ရသည့် Online လိမ်လည်မှုပုံစံ (၅) မျိုး

အထင်ရှားဆုံး Online လိမ်လည်မှုပုံစံများမှာ –

• Application များ၊ Website၊ Facebook အတုများ အသုံးပြု၍ သတင်းအချက်အလက် များ ရယူပြီး လိမ်လည်ခြင်း(Phishing Fraud)
• ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်း အယောင်ဆောင်၍ လိမ်လည်ခြင်း၊ (Social Media and Telecommunication Fraud)
• အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud)
• အရောင်းအဝယ် လုပ်ငန်းများ၊ ရင်နှီးမြုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud)
• အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam)

၄။ အခြားသော Online လိမ်လည်မှုနည်းလမ်းများ

• လိမ်လည်အလှူခံခြင်း၊
• Online shop live sale များအောက်မှ ဝင်ရောက်၍ ဝယ်ယူသူများထံ Online Shop Account အတုဖြင့် သွားရောက် လိမ်လည် ခြင်း၊
• ဗေဒင်ယတြာအစီအမံဆရာ အယောင်ဆောင် Account အတုများပြုလုပ်၍ ငွေများ အကြိမ်ကြိမ် လွှဲခိုင်းကာလိမ်လည်ခြင်း၊
• အတိုင်ပင်ခံ Account အတုများပြုလုပ်ပြီး ကိုယ်ရေးအချက်အလက်များရယူ၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊
• ပွဲအခမ်းအနား ဖိတ်ကြားယောင်ဆောင်၍ ကံစမ်းမဲဖောက်ပေးမည်ဟုဆိုကာ မက်လုံး ပေးလိမ်လည်ခြင်း၊
• အုပ်ချုပ်ရေးအာဏာပိုင်အယောင်ဆောင်၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊ အစရှိသဖြင့် Online လိမ်လည်မှုများ ကျူးလွန်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

၅။ လိမ်လည်သူများ၏ပုံစံနှင့်သဘောထား

• တစ်ဦးတည်းမဟုတ်ပဲ အုပ်စုဖွဲ့လုပ်ကိုင်ခြင်း
• IT နည်းပညာတတ်ကျွမ်းသူများပါ ပါဝင်ခြင်း
• Webpage၊ Application အတုများဖန်တီး ခြင်း
• အထင်ကြီးအောင် အသွင်အပြင်ပြုလုပ်ခြင်း
• တချို့အမှုများတွင် ခြိမ်းခြောက်၍ အတင်းအကြပ် ပါဝင်စေခြင်း

၆။ Online လိမ်လည်မှုများကို ကာကွယ်ရန်အတွက် အကြံပြုချက်များ

• ကိုယ်ရေးကိုယ်တာအချက်အလက် (CSC၊ Password) တို့အား မည်သည့်သူကိုမဆို လွယ်ကူစွာ မပေးအပ်ရန်
• မသိရှိသော Application များကို Download မလုပ် ရန်
• သေချာသောအဖွဲ့အစည်း / လူပုဂ္ဂိုလ်ကိုသာ ယုံကြည် ဆက်သွယ်ရန်
• ကိုယ်နှင့်ဆက်သွယ်သူ၏ KYC (Know Your Customer) အချက်အလက်များကို စစ်ဆေးမှု မပြုမီ ယုံကြည်မှု အလုံးစုံမထားရန်
• မသိရှိ / မရင်းနှီးသူများ၏ အကြံဉာဏ်များကို လွယ်လင့် တကူမလိုက်နာရန်
• မသိရှိသူများမှ ပေးပို့လာသော Online Link များအား အလွယ်တကူဝင်ရောက်ခြင်းမပြုရန်

29 July 2025

နောက်ဆုံးရသတင်းများ

csr-bl
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် TrueMoney Myanmar – MTB Bank ပူးပေါင်း ငွေလွှဲဝန်ဆောင်မှု

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow