မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ – တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဟောင်းမိတ်သစ်များ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အထွေထွေအာမခံဝန်ဆောင်မှုများကို 𝐌𝐓𝐁 ဘဏ်ခွဲများတွင် အဆင်ပြေချောမွေ့စွာ ရယူနိုင်ရန်၊ အာမခံပရီမီယံကြေး ပေးသွင်းခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘဏ်စနစ်ဖြင့် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ပိုမိုတောက်ပတဲ့ အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ Chief Executive Officer ဦးဝင်းလွင် နှင့် “FNI (General)” ၏ Chief Executive Officer Mr. Indren Stephen Naidoo တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး “ မြန်မာ့ခရီးသွားဘဏ်” ၏ Chief Credit Officer ဦးကျော်သူရဝင်းနှင့် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းတို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


