About ဂရင်းဖိုင်နေးဇင်းချေးငွေ
သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်း၊ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု လျော့ပါးစေခြင်းစသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရလဒ်များရရှိစေရန်အတွက် ၎င်းအားဆောင်ရွက်သော လုပ်ငန်းများသို့ ငွေကြေးထောက်ပံ့ရန် ဤချေးငွေကို လျှောက်ထားနိုင်သည်။
ချေးငွေပမာဏ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
အများဆုံး ကျပ် (၄၀၀၀) သန်းအထိ | ၁ နှစ်မှ ၃ နှစ် အထိ | ၁၂% မှ ၁၅% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ နှင့် ဓာတ်ပုံ (၂” ×၂” ) ၂ပုံ။
- လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ (မူရင်း)။
- ချေးငွေလျှောက်ထားလွှာနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း။
- ကုမ္ပဏီ၏သက်တမ်းရှိ မှတ်ပုံတင်လက်မှတ် (DICA) နှင့် ပူးတွဲစာရွက်စာတမ်းများ။
- သက်တမ်းရှိ လုပ်ငန်းလိုင်စင်မိတ္တူ။
- ချေးငွေရယူရန် စီးပွားရေးအစီအစဉ်များ။
- ဘဏ္ဍာရေးရှင်းတမ်း (၃) နှစ်စာ။
- ဝင်ငွေခွန်၊ ကုန်သွယ်ခွန် ပြေစာမိတ္တူများ (၃) နှစ်စာ။
- အာမခံပေးအပ်သောချေးငွေအတွက် အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများ။
မှတ်ချက်:
ချေးငွေလျှောက်ထားသောရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အခြားစာရွက်စာတမ်းများ ထပ်မံလိုအပ်နိုင်ပါသည်။
Check yours loan eligibility now!
To know your estimated loan eligibility amount, calculate at AYA Home Loan Calculator
Calculate