page-loading
Scam Awareness
(၁) မလိုလားအပ်သောအရာများပိတ်ပင်ခြင်း

မလိုလားအပ်သော အီးမေးလ်များကို Spam Folder သို့ စိစစ်ပယ်ဖျက်ပြီး မလိုလားအပ်သော ခေါ်ဆိုမှုများနှင့် စာတိုများကို ပိတ်ပင်ပါ။

(၂) ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်မှုများကိုဖြေရှင်းဆောင်ရွက်ခြင်း

ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ (သို့မဟုတ်) ငွေကြေးများကို တောင်းဆိုသောသူများမှ ဖိအားပေးခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုများကို အာရုံမစိုက်ပါနှင့်။ ခေါ်ဆိုမှုကို ပိတ်လိုက်ပါ (သို့မဟုတ်) တုံ့ပြန်ရန် မလိုပါ။

(၃)  မိမိ၏ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုထိန်းသိမ်းခြင်း

မိမိ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ (သို့မဟုတ်) ငွေကြေးဆိုင်ရာအချက်အလက်များကို မည်သူ့ကိုမှ မပေးပါနှင့်။

(၄) သတင်းအချက်အလက်များ မပေးပို့ခင် စဉ်းစားခြင်း

တစ်စုံတစ်ယောက်မှ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ ပေးပို့ခြင်းကို ချက်ချင်းလုပ်ဆောင်ရန်ပြောဆိုပါက၊ စဉ်းစားသုံးသပ်ပြီး မေးမြန်းကြည့်ပါ။ “ တရားဝင် ကုမ္ပဏီတစ်ခုသည် ဒီလိုလုပ်လိမ့်မည်လား?” ဖြစ်နိုင်ခြေရှိ/မရှိစဉ်းစားပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်။

(၅) သက်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ပေးပို့ခြင်း ဟုတ်/မဟုတ် အတည်ပြုစစ်ဆေးခြင်း

အီးမေးလ်များနှင့် စာတိုများမှ လင့်များကို နှိပ်ရန် (သို့မဟုတ်) သင့်အားပေးထားသော နံပါတ်များကို ခေါ်ရန် မလုပ်ပါနှင့်။ ကုမ္ပဏီ၏ တရားဝင် ဝဘ်ဆိုဒ် (သို့မဟုတ်) Call Center (သို့မဟုတ်) Compliance Center သို့ ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုပါ။

(၆) သံသယရှိသော မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ခြင်း

တစ်စုံတစ်ဦးမှ မိမိ၏ အကောင့်အား အချိန်အတိုင်းအတာတစ်ခုထိ အသုံးမပြုရန် ပြောပါက တရားဝင် Call Center (သို့မဟုတ်) Compliance Center (သို့မဟုတ်) အနီးစပ်ဆုံးရှိ ဘဏ်မှတာဝန်ရှိသူနှင့် တိုင်ပင်ဆွေးနွေးရန်။

(၇) ငွေကြေးလိမ်လည်တောင်းခံခြင်းများအတွက် အသိပေးဆောင်ရွက်ခြင်း

Digital Banking Product တစ်မျိုးမျိုးကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးရန် သံသယရှိသူမှ ပြောဆိုလာခြင်းကို လွှဲပြောင်းပေးမိပါက မိမိ၏ငွေကြေးများ ဆုံးရှုံးမည်ဖြစ်ပါသည်။

(၈) သံသယဖြစ်စရာ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် စာတိုများကို ရရှိပါက အောက်ပါအတိုင်းဆောင်ရွက်ရန်
  • လိမ်လည်သူများသည် ဖုန်းနံပါတ်များကို မသမာသောနည်းဖြင့် ရရှိပြီး MTB (သို့မဟုတ်) အခြား ယုံကြည်ရသော ကုမ္ပဏီများမှ ဖုန်းခေါ်ဆိုမှုအဖြစ် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များပေးရန် ဖိအားပေးနိုင်သည်။ အကူအညီတောင်းနိုင်သည် (သို့မဟုတ်) ချက်ချင်းငွေတောင်းနိုင်သည်။
  • ယုံကြည်စိတ်ချရသည့် အီးမေးလ်များကဲ့သို့ပင် မြင်ရသော်လည်း စာလုံးပေါင်းအမှား (သို့မဟုတ်) စာစီစာကုံးအမှားများပါဝင်သော အီးမေးလ်များကို သတိပြုပါ။ ၎င်းတို့သည် သင့်ကိုတုံ့ပြန်ရန်၊ လိမ်လည်နံပါတ်ကိုခေါ်ရန် (သို့မဟုတ်) ဝဘ်ဆိုဒ်သို့သွား၍ ကိုယ်ရေးကိုယ်တာ  အချက်အလက်များဖြည့်ရန် တောင်းနိုင်သည်။ လိမ်လည်သူများသည် သင့်ကွန်ပျူတာကို  ဝင်ရောက်သုံးစွဲနိုင်ခြင်းမရှိစေရန် ပေးပို့လာသောဖိုင်များကို မဖွင့်ပါနှင့်။
  • ပေးပို့သူကို မသိရှိပါက အီးမေးလ်များ (သို့မဟုတ်) စာတိုများတွင်ရှိသော လင့်များကို မနှိပ်ပါ နှင့်။ MTB သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သည့်အခါမှ ဖုန်းခေါ် ဆိုခြင်း၊ အီးမေးလ်ပို့ခြင်း (သို့မဟုတ်) စာတိုပို့ခြင်းဖြင့် မတောင်းဆိုပါ။ သံသယရှိပါက Call Center ဖုန်းနံပါတ် (သို့မဟုတ်) တရားဝင် Website ပါ ဖုန်းနံပါတ်တို့ကို ခေါ်ဆိုပါ။
(၉) အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်ရန် အကြံပေးချက်များ
  • မိမိ၏ Pin Number (လျှို့ဝှက်နံပါတ်) များကို ခက်ခဲသော စကားဝှက် (သို့မဟုတ်) စကားစုများကို အသုံးပြုပါ။ (NRC Number နှင့် Date of Birth Number များကိုအသုံးမပြုရန်)
  • Virus တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် Software သို့မဟုတ် Application ကို အမြဲ Updatedလုပ်ရန်။
  • Public Wi-Fi များကို အသုံးမပြုရန်။ Public Wi-Fi များမှ လိမ်လည်သူများသည် သင်၏ ဒေတာကို ရယူသွားနိုင်ပါသည်။
  • ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထည့်ရန်မပြုမီ တရားဝင် Website ဟုတ်မဟုတ် စစ်ဆေးပါ။
  • လူမှုကွန်ရက်များတွင် သင်၏အချက်အလက်များကို မည်သူ့ကို မျှဝေနေသည်ကို သတိပြုပါ။
  • ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းသည် သင့်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကို 24/7စီမံခန့်ခွဲနိုင်စေသည်။ ဘဏ်လက်ကျန်စစ်ဆေးခြင်း၊ စာရင်းရွှေ့ပြောင်းခြင်းနှင့် ဘေလ်ပေးဆောင်ခြင်းများကို အချိန်တိုင်းပြုလုပ်နိုင်သည်။ ထို့ကြောင့် သင့်ငွေကြေးအကောင့်များကို အမြဲတမ်း Two-Factor Authentication (2FA) ကို အသုံးပြု၍ကာကွယ်ပါ။
(၁၀) ဝန်ဆောင်မှုပေးသည့်လမ်းကြောင်း (Delivery Channel) ကြောင့်ဖြစ်ပေါ်ခြင်း

ဝန်ဆောင်မှုပေးသည့် လမ်းကြောင်းသည် Digital နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်၍ ၎င်းနည်းပညာကို အခြေပြု၍ မသမာသူများမှ ဖော်ပြပါနည်းလမ်းများဖြင့် လိမ်လည်မှုများကို ကျူးလွန်လျက် ရှိပါသည်။

  • မသမာသူမှ Customer ၏ Email သို့ Email Address အတုများဖြင့် Link များပေးပို့ခြင်း။
  • မသမာသူမှ Customer ၏ Mobile Handset အား ခိုးယူခြင်း၊ ကောက်ရခြင်းဖြစ်ပေါ်၍  ပိုင်ရှင်၏ ဘဏ်လုပ်ငန်းဆိုင်ရာအကောင့်များကို ဝင်ရောက်အသုံးပြုခြင်း။
  • မသမာသူမှ Customer ၏ မိုဘိုင်းလ်ဆင်းကဒ်နံပါတ်ကို သိရှိ၍ သက်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုရုံးတွင် ဆင်းကဒ်ပျောက်ဆုံးလျှောက်ထားပြီး ဆင်းကဒ်ရရှိပါက မသမာမှုများ ဆက်လက်လုပ်ဆောင်ခြင်း။
  • မသမာသူမှ ဘဏ်အရာရှိဟန်ဆောင်ကာ Account Maintenances ပြုလုပ်ပါမည်ဟု သုံးနှုန်း၍ Customer ၏ လျှို့ဝှက်နံပါတ်များ တောင်းခံ၍ လိမ်လည်ခြင်း။
  • Online Shopping Page အတုများမှ ပစ္စည်းများရောင်းချ၍ ငွေပေးချေစေပြီး ပစ္စည်းများမပို့ပဲလိမ်လည်ခြင်း။
(၁၁) လိမ်လည်မှုခံရခြင်းဖြစ်ပေါ်ပါက အောက်ပါအတိုင်းဆောင်ရွက်ရမည်         

လိမ်လည်ထုတ်ယူခြင်းခံရသူ (လိမ်လည်ခံရသူ) သည် မိမိ၏ မိုဘိုင်းငွေကြေးစာရင်းမှ ငွေများလိမ်လည် ခြင်းခံရပါက အောက်ပါတို့ကိုဆောင်ရွက်ရမည်။

  • သက်ဆိုင်ရာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း၏ စုံစမ်းမေးမြန်းသည့်စင်တာ (Call Center)၊ တိုင်တန်း ချက်လက်ခံသည့်စင်တာ (Complaint Center) သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရမည်။
  • ဆက်သွယ်အကြောင်းကြားချက်အရ စုံစမ်းမေးမြန်းသည့်စင်တာ(Call Center)၊ တိုင်တန်းချက် လက်ခံသည့်စင်တာ  (Complaint Center) မှ လိုအပ်၍ တောင်းခံသည့်အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရမည်။
  • သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ရမည်။
  • သက်ဆိုင်ရာနယ်မြေရဲစခန်းသည် မိုဘိုင်းငွေကြေးစာရင်းမှငွေများ လိမ်လည်ခံရသူ၏ တိုင်တန်းချက်ကို လက်ခံရရှိပါက ချက်ချင်းအမှုဖွင့်လှစ်ဆောင်ရွက်ပေးရမည်။ အမှုဖွင့်လှစ်သည့် နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးသည်နှင့် ချက်ချင်းဖုန်းဖြင့်ဖြစ်စေ၊ ဖက်စ် (Fax) ဖြင့်ဖြစ်စေ၊  အီးမေးလ် (e-mail) ဖြင့်ဖြစ်စေ မြန်မာ့ခရီးသွားဘဏ်သို့ အကြောင်းကြားရမည်။
  • MTB Bank သည် စစ်ဆေးပြီးမှန်ကန်ပါက တိုင်ကြားသူ၊ လိမ်လည်သူဟု သံသယရှိသူနှင့်  ဆက်နွယ်သူတို့၏ ငွေစာရင်းများ ယာယီတားဆီးခြင်းကို ၇၂ နာရီကြာ ထိန်းသိမ်းထားရှိပေးမည် ဖြစ်သည်။
11 January 2025

နောက်ဆုံးရသတင်းများ

csr-bl
Myanmar’s Cars & Spare Parts Biggest Expo 2026

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS)၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (YRAMDA)၊ မြန်မာနိုင်ငံ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) တို့ ပူးပေါင်း၍ "Myanmar’s Cars & Spare Parts Biggest Expo 2026" ပွဲကြီးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ သောကြာနေ့ မှ (၂၂) ရက်၊ တနင်္ဂနွေနေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း အတူတကွ ပါဝင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ Brand New Cars, EV Cars, Used Cars နှင့် Spare Parts များကို တစ်နေရာထဲတွင် အစုံအလင်ရောင်းချပြသသွားမယ့် “Myanmar’s Cars & Spare Parts Biggest Expo 2026” ပွဲကြီးမှာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်အတူ MTB Hire Purchase ဝန်ဆောင်မှုများ၊ အရစ်ကျဝယ်ယူမှုနှင့်ပတ်သတ်တဲ့ လျှောက်ထားပုံ အသေးစိတ်အချက်အလက်များကိုလည်း အကြံပြုရှင်းလင်းပေးခြင်း ဝန်ဆောင်မှုများကိုပါ ပေးအပ်ခဲ့တဲ့ ပုံရိပ်မှတ်တမ်းများကို မှတ်တမ်းပြုတင်ပြအပ်ပါသည်။ 🤗 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ်မိသားစု စုပေါင်းအာဟာရဒါနအလှူနှင့် ငွေပဒေသာပင်စိုက်ထူခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် စနေနေ့တွင် Myanma Tourism Bank (MTB) သည် လူထုအကျိုးပြုလုပ်ငန်းစဉ် (CSR) အစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး သို့ သွားရောက်လှူဒါန်းကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤလူမှုအကျိုးပြုအစီအစဉ်တွင် MTB Bank ၏ အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြပြီး ဆေးရုံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဆရာဝန်များမှ ဆေးရုံ၏ သမိုင်းကြောင်း၊ လက်ရှိကုသပေးနေသည့် လူနာအခြေအနေများ၊ စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် ရင်ဆိုင်နေရသည့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပါသည်။ MTB Bank အနေဖြင့်လည်း အနာဂတ်တွင် ပိုမိုထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထို့အပြင် MTB Bank ၏ အကြီးအကဲများသည် လူနာများနှင့် တွေ့ဆုံကာ နွေးထွေးစွာ အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ထိုနွေးထွေးသည့် ဆက်ဆံရေးနှင့် စိတ်အားပေးမှုများသည် လူနာများအတွက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည့် အဖိုးတန်အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။ ထူးခြားစွာ၊ ဆေးရုံရှိ လူနာများမှ ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသော လက်မှုပညာထုတ်ကုန်များကိုလည်း MTB Bank အဖွဲ့သားများမှ ဝယ်ယူအားပေးခဲ့ပါသည်။ ချည်ထိုးလက်ရာများ၊ လက်လုပ်အလှပစ္စည်းများ၊ အသုံးဝင်လက်မှုပစ္စည်းများ စသည်တို့ကို ဝယ်ယူခြင်းအားဖြင့် လူနာများ၏ အနုပညာစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လက်တွေ့အသိအမှတ်ပြုခဲ့ပါသည်။ ထိုအားပေးဝယ်ယူမှုသည် လူနာများအတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိမှုကို ခံစားစေပြီး ပြန်လည်ထူထောင်ရေးလမ်းကြောင်းတွင် ယုံကြည်မှုတိုးတက်စေသော အရေးပါသည့် အထောက်အပံ့တစ်ရပ် ဖြစ်ခဲ့ပါသည်။ မမြင်ရသော စိတ်အနာတရများသည် တစ်ခါတစ်ရံ အလွန်နက်ရှိုင်းလွန်းလှပါသည်။ သို့သော် နားလည်ပေးမှု၊ စိတ်ရှည်သဘောထား၊ နွေးထွေးသည့် အပြုံးနှင့် ကူညီဖေးမတဲ့ လက်တစ်စုံ တစ်ခုပင် စိတ်အင်အားပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးကြီးပါသည်။ MTB Bank အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက လူမှုအသိုင်းအဝိုင်း၏ ကောင်းကျိုးတိုးတက်မှုကိုပါ အလေးထားကာ လူထုအကျိုးပြုလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကူညီပံပိုးသွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် မျှဝေခံစားခဲ့ရသည့် နွေးထွေးမှု၊ အပြုံးများနှင့် မျှော်လင့်ချက်အလင်းရောင်များကို မှတ်တမ်းတင်ပုံရိပ်များကို ပြန်လည်မျှဝေတင်ပြလိုက်ပါသည်။ 🤍 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အား ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်

မြန်မာ့ဘဏ်လုပ်ငန်းအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ဟာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။ ဒါဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ 𝐀𝐁𝐀 အဖွဲ့ကြီးမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားပြုပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဤဘုတ်အဖွဲ့တွင် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ၏ 𝐂𝐄𝐎 ဦးဝင်းလွင်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး အာရှပစိဖိတ်ဒေသရှိ ထိပ်တန်းဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေးအမြင်သစ်များယူဆောင်လာ၍ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ တိုးချဲ့ပါဝင်နိုင်မှုနှင့် ရေရှည်တံ့ခိုင်မြဲ၍ ပိုမိုဖွံ့ဖြိုးတိုးတက်သည့် ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤအောင်မြင်မှုဟာ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 အတွက်သာမက မြန်မာ့ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်တစ်ခုပင်ဖြစ်ပါသည်။ ဆက်လက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အာရှတလွှား ပေါင်းကူးတံတားများ တည်ဆောက်ကာ ပိုမိုတောက်ပတဲ့ ဘဏ္ဍာရေးအနာဂတ်ကို ပုံဖော်ကြပါစို့။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow