“ သင်၏သွေးဖြင့် အသက်ကယ်ပါ”
“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။
သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည် ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော “ သွေး” များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။