page-loading
သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြုချက်ဖြင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁) နှင့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့အတူ ပူးပေါင်း၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက်   နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုအား အများပြည်သူသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

𝐌𝐓𝐁 ဘဏ်နှင့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုဆောင်ရွက်ခြင်းမှ အဓိက အကျိုးကျေးဇူးများအနေဖြင့်

– ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ 𝐌𝐓𝐁 ဘဏ်ခွဲ (၁၈) ခုရှိရာ ဒေသများမှနေ၍  လွယ်ကူစွာ ငွေလွှဲ ထုတ်ယူနိုင်ခြင်း

– 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ အဆင့်မြင့်နည်းပညာကိုအခြေပြု၍ 𝐌𝐓𝐁 ဘဏ်၏ လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့် ချိတ်ဆက်ဝန်ဆောင်မှုကို ရယူနိုင်ခြင်း

– 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 𝐎𝐧𝐥𝐢𝐧𝐞 ၏ ဝက်ဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပ်မှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းများစွာအနက် သင့်ကြိုက်နှစ်သက်သည့် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ ကမ္ဘာတစ်ဝှမ်းရှိ တည်နေရာ (၄၄၀,၀၀၀) ကျော်အနက်မှ မည်သည့်နေရာတစ်ခုကိုမဆို သွားရောက်၍ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လွယ်ကူစွာငွေလွှဲနိုင်ခြင်း

– ဝန်ဆောင်ခသင့်တင့်ပြီး ယုံကြည်စိတ်ချနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။

 

ဤနေ့၊ ဤအချိန်အခါကာလ၌ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအား အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  မြန်မာ့ခရီးသွားဘဏ် အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်မှ “ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက် ယခုကဲ့သို့ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 နှင့် 𝐌𝐓𝐁 တို့ပူးပေါင်း၍ ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို ပိုမို စိတ်ချ၊ မြန်ဆန်၊ လွယ်ကူ၊ လျင်မြန်မှုရှိအောင်   ကြိုးစားလုပ်ဆောင်ရန် 𝐌𝐓𝐁 ဘဏ်အနေဖြင့် ကတိပြုပါ ကြောင်း”  ပြောကြားခဲ့သလို 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ 𝐒𝐨𝐮𝐭𝐡 𝐄𝐚𝐬𝐭 𝐀𝐬𝐢𝐚, 𝐈𝐧𝐝𝐨 𝐂𝐡𝐢𝐧𝐚 & 𝐎𝐜𝐞𝐚𝐧𝐢𝐚 ၏ ဒေသတာဝန်ခံဖြစ်သူ 𝐌𝐫.𝐕𝐢𝐣𝐚𝐲 𝐑𝐚𝐣 𝐏𝐨𝐝𝐮𝐯𝐚𝐥 မှလည်း “𝐌𝐓𝐁 ဘဏ်နှင့် ယခုလို ပူးပေါင်း အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံသားတို့၏ မြန်မာနိုင်ငံအတွင်းရှိ မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် နေ့စဉ်လူမှုဘဝ အသုံးစရိတ်များအတွက် မိတ်ဆွေတို့ရဲ့ လွှဲပြောင်းပေးပို့လိုက်သော ငွေကြေးတိုင်းအတွက် အထူးအလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုထပ်လောင်း အသိပေးပြောကြားခဲ့ပါသည်။

 

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍတွင် ခေတ်မီအဆင့်မြင့် သောဝန်ဆောင်မှုများဖြင့် မိဘပြည်သူများ တိုးတက်၊ အောင်မြင်မှုများရရှိစေရန် အလေးထားဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 သည် ကမ္ဘာအနှံ့ငွေလွှဲဝန်ဆောင်မှုများတွင် ဦးဆောင်နေသော ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း (၂၀၀) ကျော်ရှိ လူဦးရေ သန်း (၅၀) ကျော်အား ဝန်ဆောင်မှုပေးကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံကျော် ငွေလွှဲပြောင်းမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းအပ်ပလီကေးရှင်းနှင့် အွန်လိုင်း ကွန်ယက်များဖြင့် ကမ္ဘာအနှံ့ငွေလွှဲပြောင်းဝန်ဆောင်မှုများကို မြန်ဆန်၊ လုံခြုံစွာ ဆောင်ရွက်လျက်ရှိပါသည်။

 

𝐅𝐨𝐫 𝐌𝐨𝐫𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧, 𝐏𝐥𝐞𝐚𝐬𝐞 𝐂𝐨𝐧𝐭𝐚𝐜𝐭:

𝐍𝐀𝐌𝐄        : Kay Thwe Than (Mrs)

𝐏𝐎𝐒𝐈𝐓𝐈𝐎N : Assistant General Manager, Myanma Tourism Bank

𝐄𝐌𝐀𝐈𝐋       : kaythwethan@mtb-bank.com

𝐏𝐇𝐎𝐍𝐄      : 09-680682862

03 June 2025

နောက်ဆုံးရသတင်းများ

csr-bl
Myanmar Business Executives Association -18th Annual General Meeting တွင် Myanma Tourism Bank အနေဖြင့် Diamond Contribution Partner

စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association - MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။ ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MTB နှင့်အတူ 

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်များအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖန်တီးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏ 7th Members’ Gala Dinner တွင် မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် အဆိုပါ မိတ်ဆုံစားပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ မိတ်ဖက်များနှင့် သက်ဆိုင်သူများ စုစည်းတွေ့ဆုံခဲ့ကြပြီး ၂၀၂၆ hotel excellence award ချီးမြှင့်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ၊ အမြင်များနှင့် အခွင့်အလမ်းများကို အပြန်အလှန် အလွတ်သဘော ဖလှယ်ခွင့်ရခဲ့ကြသည့် အပြင် MTB ဘဏ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားချင်းများကို ပြုလုပ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် နီးကပ်စွာ ဆက်နွယ်နေသည့် ဘဏ်တစ်ခုအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် လိုအပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည့်အပြင် လုပ်ငန်းကဏ္ဍအတွင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များတွင်လည်း ပါဝင်အားဖြည့်လျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ငန်းကဏ္ဍအတွင်းရှိ မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရခြင်းသည် အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ဖြစ်ပါသည်။ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်အတူ လက်တွဲပြီး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် MTB Bank မှ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် Cashless Payment အသုံးပြုမှု ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့်ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေရှိ MTB Head Office Functional Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် MTB Bank ၏ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်၏ အရေးပါမှုများနှင့် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော ငွေပေးချေမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကို MTB bank ၏ BOD အဖွဲ့ဝင်များ၊ MTB Bank CEO ဦးဝင်လွင်၊ Bards Limited ၏ CEO တို့မှလည်း ဝမ်းမြောက် အမှာစကားများ ပြောကြားပေးခဲ့ပြီး Digital Banking ဌာန၏ ဦးလွမ်းမှလည်း MTB Pay တွင် MMQR အလုပ်လုပ်ပုံနှင့်အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ ကြပါသည်။ MTB Bank အနေဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချ၍ သုံးစွဲသူများ၏ နေ့စဉ်ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆန်းသစ်သော ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow