
“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့် ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒီလေ့ကျင့်မှုကို 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 နှင့် 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ငလျင်လှုပ်တဲ့အခါ ရှောင်တိမ်းပုံနှင့် ရှေးဦးသူနာပြုစုနည်း အခြေခံအဆင့်ဆင့်များအစရှိတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လက်တွေ့ကျကျ ကွင်းဆင်းလေ့ကျင့်မှုများကို 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ရဲ့ ဝန်ထမ်းမိသားစုဝင်များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါသည်။ ဒီလေ့ကျင့်မှုဟာ ဝန်ထမ်းတွေရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာကို မြှင့်တင်ပေးရုံသာမကဘဲ ဝန်ထမ်းအချင်းချင်း ရိုင်းပင်ကူညီတတ်တဲ့အလေ့အကျင့်ကောင်းနဲ့ ပိုမိုလုံခြုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ဟာ မိဘပြည်သူများအတွက် အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အစဉ်အမြဲကြိုးစားနေသလို ဘဏ်ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း အလေးထားဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖော်ပြအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
အသေးစိတ်ကြည့်ရှု့ရန်
“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။ သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည် ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော "သွေး" များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
အသေးစိတ်ကြည့်ရှု့ရန်
MTB Pay Digital Wallet ဝန်ဆောင်မှု စတင်မိတ်ဆက်သည့်ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန၌ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော လှူဒါန်းမှုတစ်ရပ်အဖြစ် စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။
အသေးစိတ်ကြည့်ရှု့ရန်