page-loading
National ICT Awards-2025 ဆုပေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCEA) နှင့် Myanma Tourism Bank (MTB) တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ “လူငယ်စင်တာ” ၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ သံတမန်ခန့်အပ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းနှင့်အတူ National ICT Awards-2025 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲကိုပါ တစ်ပါတည်း ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB) အနေဖြင့် Main Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ကူညီအားဖြည့်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း နာယက မှ မုဒိတာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌမှလည်း အသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (MCEA) တို့သည် မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒစ်ဂျစ်တယ် အသိပညာများ ပြန့်နှံ့စေရန်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို နည်းပညာနှင့် ပေါင်းစပ်၍ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် နည်းပညာရှင်များ၊ အသင်းဝင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ – “မြန်မာ့ခရီးသွားဘဏ်” ၏ Executive Director ဒေါ်သိင်္ဂီလင်း နှင့် “ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း”၏ ဥက္ကဋ္ဌ ဦး​ဋ္ဌေးလင်း တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး “မြန်မာ့ခရီးသွားဘဏ်” ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် နှင့် “ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း” ၏ အတွင်းရေးမှူး ဒေါ်ခင်ချိုခက် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤပူးပေါင်းဆောင်ရွက်မှတစ်ဆင့် လူငယ်များအတွက် နည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ်ဘဏ်စနစ် အသိပညာပေးခြင်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အတူတကွ ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစကားပါးရင်း အခမ်းအနား မှတ်တမ်းပုံရိပ်များကို မျှဝေဖော်ပြအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

23 February 2026

နောက်ဆုံးရသတင်းများ

csr-bl
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် TrueMoney Myanmar – MTB Bank ပူးပေါင်း ငွေလွှဲဝန်ဆောင်မှု

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow