ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS)၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (YRAMDA)၊ မြန်မာနိုင်ငံ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) တို့ ပူးပေါင်း၍ “ Myanmar’s Cars & Spare Parts Biggest Expo 2026” ပွဲကြီးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ သောကြာနေ့ မှ (၂၂) ရက်၊ တနင်္ဂနွေနေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း အတူတကွ ပါဝင်ကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ Brand New Cars, EV Cars, Used Cars နှင့် Spare Parts များကို တစ်နေရာထဲတွင် အစုံအလင်ရောင်းချပြသသွားမယ့် “Myanmar’s Cars & Spare Parts Biggest Expo 2026” ပွဲကြီးမှာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်အတူ MTB Hire Purchase ဝန်ဆောင်မှုများ၊ အရစ်ကျဝယ်ယူမှုနှင့်ပတ်သတ်တဲ့ လျှောက်ထားပုံ အသေးစိတ်အချက်အလက်များကိုလည်း အကြံပြုရှင်းလင်းပေးခြင်း ဝန်ဆောင်မှုများကိုပါ ပေးအပ်ခဲ့တဲ့ ပုံရိပ်မှတ်တမ်းများကို မှတ်တမ်းပြုတင်ပြအပ်ပါသည်။ 🤗
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့


