page-loading
Corporate Governance Free Seminar & Panel Discussion 2026

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်စနစ်နှင့်အညီ တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ PIU College နှင့် UMBEEA တို့ ပူးပေါင်းကျင်းပသည့် “Corporate Governance Free Seminar & Panel Discussion 2026” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI (Mingalar Hall) ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Corporate Governance ဆိုင်ရာ အသိပညာရပ်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာသောင်းဌေး (Honorable Professor – PIU College) မှ ဦးဆောင် ဟောပြောပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ “Corporate Governance Culture For Business “ ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ ဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး (Retired Union Minister)မြန်မာ့ခရီးသွားဘဏ်၏ CEO ဒေါက်တာဝင်းလွင် U9 ၏ CEO Ms. Caroline Yin Yin Htay နှင့် Group CEO – Pun Hlaing Hospitals ဒေါက်တာဇော်ဝင်းစန္ဒီတို့မှ Panelists များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး ဦးကျော်ဒေဝ (President – UMBEEA) မှ Moderator အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများအတွင်း ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ်များကို စနစ်တကျ တည်ဆောက်ပုံများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။

MTB Bank အနေဖြင့် ယခုကဲ့သို့ စီးပွားရေးနှင့် ပညာရေးကဏ္ဍကို ပေါင်းကူးပေးသည့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ မှန်ကန်စနစ်ကျသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့်အပြင်၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ချဲ့ထွင်လိုသော လုပ်ငန်းရှင်များအတွက်လည်း ခိုင်မာစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

03 March 2026

နောက်ဆုံးရသတင်းများ

csr-bl
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် TrueMoney Myanmar – MTB Bank ပူးပေါင်း ငွေလွှဲဝန်ဆောင်မှု

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow