၈.၃.၂၀၂၆ (တနင်္ဂနွေနေ့) မနက်ခင်းတွင် ပါဝင်အားဖြည့်သူများစွာဖြင့် Myanma Tourism Bank (MTB) နှင့် Mandalay Road Runners (MRR) တို့ ပူးပေါင်းကျင်းပသည့် MTB x MRR 5km Fun Run အစီအစဉ်တွင် လူကြီး၊ လူငယ်မရွေး၊ Runner များ၊ မိသားစုများနှင့် သူငယ်ချင်းများ အများအပြား ပါဝင်ခဲ့ကြပြီး မန္တလေးကျုံးပတ်လမ်းတစ်လျှောက်ကို အတူတကွ ပြေးခဲ့ကြကာ ပျော်ရွှင်ဖွယ် Sunday Morning တစ်ခု ဖြစ်ခဲ့ပါသည်။
MTB Bank အနေဖြင့်လည်း ပါဝင်ပြေးသူများအတွက် Running Tee နှင့် MTB Special Caps တို့ကို အမှတ်တရ လက်ဆောင်အဖြစ် စီစဉ်ပေးခဲ့ပါသည်။
ပါဝင်ပြေးခဲ့ကြသော Runner များအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ပွဲ၏ အမှတ်တရပုံရိပ်များကို ယခုအခါ မျှဝေပေးလိုက်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


