မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်သစ်တို့၏ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ကြိုးပမ်းအားထုတ်မှုများကို အားပေးပံ့ပိုးရန် ရည်ရွယ်၍ Falcon Esports (MLBB) အသင်းနှင့် Sponsorship Agreement ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ MTB Bank ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် Falcon Esports (MLBB) အသင်းမှ တာဝန်ရှိသူများ၊ ကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
🎮 ယခု Sponsorship ပံ့ပိုးမှုသည် Esports ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော လူငယ်ကစားသမားများ၏ အရည်အချင်း၊ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုအားပေးခြင်းသာမက မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။
🎮 MTB Bank အနေဖြင့် ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်များ၏ အရည်အချင်းနှင့် အနာဂတ်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည့် ကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းပါဝင်ပံ့ပိုးသွားရန် ကြိုးပမ်းလျက်ရှိပါသည်။
🎮 ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Falcon Esports (MLBB) အသင်းအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပြီး မြန်မာ့ Esports ကဏ္ဍအတွက်လည်း အကျိုးရှိသော အခွင့်အလမ်းများနှင့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။
Create Your World With MTB
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့ 💙
#MyanmaTourismBank #MTBBank #FalconMobileLegends #Esports #Sponsorship #Partnership


