![page-loading](https://mtb.com.mm/wp-content/themes/MTB/assets/images/icons/LOADING.gif)
ဘဏ်များသည် ယင်း၏မဟာဗျူဟာဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များအောင်မြင်ရန် ရယူလို သော စုစုပေါင်းဆုံးရှုံးနိုင်ခြေအဆင့်ဆင့်နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အမျိုးအစားများအတွက် ယင်းတို့၏ဆုံးရှုံးနိုင်ခြေ အပေါ်စွမ်းဆောင်နိုင်မှုအတွင်း လက်ခံလိုသောဆုံးရှုံးနိုင်ခြေ (Risk Appetite)ကို ကြိုတင်ဆုံးဖြတ်၍ ချမှတ်ထားရ ပါမည်။မြန်မာ့ခရီးသွားဘဏ်လီမိတက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀.၁၁.၂၀၂၀ လမ်းညွှန်ထားသည် ဘဏ် များ၏ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုလမ်းညွှန်မှုနှင့်အညီ ငွေကြေးလွယ်ကူမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ, ချေးငွေဆိုင်ရာဆုံးရှုံးနိုင် ခြေ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဆုံးရှုံးနိုင်ခြေ၊ စျေးကွက်ဆုံးရှုံးနိုင်ခြေ, ဥပဒေ၊ စည်းမျဥ်းစည်းကမ်းနှင့် ဂုဏ်သိ က္ခာဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ၊ ဘဏ်နှင့်ဆက်စပ်ကုမ္ပဏီများ၏ ဆုံးရှုံးနိုင်ခြေများ၊ မဟာဗျူဟာအန္တရာယ် တို့ကို ဖော်ဆောင်ထားလျက်ရှိပါသည်၊၊
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဌာနသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဆုံးရှုံး နိုင်ခြေနှင့် အဓိကဆုံးရှုံးနိုင်ခြေများအား စီမံခန့်ခွဲရန်တာဝန်ရှိပါသည်။ထိုသို့ပြုလုပ်ရာတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်မှုဌာန သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ရက်နေ့တွင်ထုတ်ပြန်သည့် ဘဏ်များ၏ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များအပေါ် လမ်းညွှန်ချက်နှင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ထုတ်ပြန် သည့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူ အပေါ်အလေးထားစိစစ်ခြင်း ညွှန်ကြားချက်အမှတ် (၁၈/၂၀၁၉)တို့အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဌာနသည် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုမူဝါဒ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ မူဝါဒနှင့် လိမ်လည်မှုဆိုင်ရာဆုံးရှုံးနိုင်ခြေမူဝါဒတို့အပြင် အဓိကဆုံးရှုံးနိုင်ခြေညွှန်းကိန်းများ(KRIs)နှင့် လုပ်ငန်းစဉ် ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအစီအစဉ်များ(BCPs)တို့ ပါဝင်သည့်ကျယ်ပြန့်သောဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဘောင် ကိုတည်ထောင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဌာနသည် ဖြစ်ပေါ်လာ နိုင်သောဆုံးရှုံးနိုင်ခြေများကိုကြိုတင်ကာကွယ်ရန်နှင့် ဘဏ်၏စုစုပေါင်းဆုံးရှုံးနိုင်ခြေ Profileကိုတိုးတက်စေရန် ဘဏ် ဝန်ဆောင်မှုအသစ်များအတွက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရေးအတွက်ဘတ်ဂျက်လျာထားပြီး ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဌာနသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများအတွက် အောက်ဖော်ပြပါဉပဒများ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
ငွေကြေးလွယ်ကူမှုဆိုင်ရာဆုံးရှံးနိုင်ခြေဆိုသည်မှာ ဘဏ်ကမျှော်လင့်ထားသော ငွေသားစီးဆင်းမှု လိုအပ် ချက်သာမက ငွေသားစီးဆင်းမှုလိုအပ်ချက်ကို ပြည့်မှီအောင်မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနိုင် ခြေကို ဆိုလိုခြင်းဖြစ်သည်။ဘဏ်များသည် ငွေကြေးလွယ်ကူမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေလက်ခံလိုမှု(Risk Appetite)အ ပြင် ဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ်ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ ထိန်းချုပ်ကွပ်ကဲ ခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒများအား မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ဘဏ်၏မူဝါဒများ ကို ဒါရိုက်တာအ ဖွဲ့က အတည်ပြုပြီး အဆင့်မြင့်စီမံခန့်ခွဲသူများက ၎င်းတို့ကိုအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဘဏ်များသည် ၎င်းတို့၏လုပ်ငန်းများဖြစ်သည့် ချေးငွေများ၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သောချေးငွေ၊ ဘဏ္ဍာ ငွေနှင့်နိုင်ငံခြားသုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းများအပြင် ရင်းနှီးမြှပ်နှံမှုများ ၊ အခြားသောရရန်ပိုင်ခွင့်များနှင့် ယင်းတို့၏လက်ကျန်ရှင်းတမ်းတွင်မပါဝင်သော လုပ်ငန်းများတွင်ရှိသည့် အရေးပါသောချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အရင်းအမြစ်များအားလုံးကို သတ်မှတ်ဖော်ထုတ်ရမည်။ဘဏ်များသည် ထုတ်ချေးလိုသည့် ချေးငွေအမျိုးအစားများ အပါအဝင်ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ်ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်ကွပ်ကဲခြင်းနှင့်ရရန်ပိုင်ခွင့်များကို အမျိုးအစားခွဲခြားခြင်းနှင့်လျာထားခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒ များနှင့်လုပ်ထုံးလုပ်နည်းများကို စာတမ်းအမှတ်အသားများဖြင့် မှတ်တမ်းတင်ထားရမည်။
လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ လုပ်ငန်းဆောင်ရွက်မှုများရှုပ်ထွေးခြင်း (Complex Operation)၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုများ(Internal Control)၊ လုပ်ငန်းစဉ်များနှင့်သတင်းအချက်အလက်ဆိုင်ရာ စနစ်များ(Process and Information System) လုံလောက်မှုမရှိခြင်း ၊ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲခြင်း (Organizational Change)၊ လိမ်လည်မှု(Fraud)၊ လူတို့၏အမှားများ(Human Error)၊ အကြမ်းဖက်တိုက်ခိုက်မှုများ (Terrorist Attacks)နှင့် သဘာဝဘေးအန္တရာယ်(Natural Disaster)အပါအဝင် ကြိုတင်မမြင်နိုင်သော ရုတ်တရက် ဖြစ်ပွားနိုင်သည့် ကပ်ဘေးများ(Unforeseen Catastrophes)တို့ကြောင့် အရှုံးဖြစ်ပေါ်စေနိုင်သည့် ဆုံးရှုံးနိုင်ခြေကို ဆိုလိုခြင်းဖြစ်သည်။
ဈေးကွက်ဆိုင်ရာဆုံးရှုံးနိုင်ခြေဆိုသည်မှာ ဈေးကွက်ဈေးနှုန်းတွင် ဆိုးရွားစွာထိခိုက်နိုင်စေသော အတက်/ အကျများမှ ဘဏ်အပေါ်ဖြစ်ပေါ်စေနိုင်သည့် ဆုံးရှုံးနိုင်ခြေကိုဆိုလိုသည်။အထူးသဖြင့် ၎င်းတွင်အတိုးနှုန်းများ၊ နိုင်ငံ ခြားငွေလဲလှယ်နှုန်းများ ၊ ရှယ်ယာများ ၊ အခြားသောစာချုပ်စာတမ်းများနှင့် ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲခြင်းများ ပါဝင်သည်။ဘဏ်များသည်ဈေးကွက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေလက်ခံလိုမှုအပြင် ဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ် ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ ထိန်းချုပ်ကွပ်ကဲခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒများနှင့် မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ဘဏ်၏မူဝါဒများကို ဒါရိုက်တာအဖွဲ့ကအတည်ပြုပြီး အဆင့်မြင့်စီမံခန့်ခွဲသူများက ယင်းတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
တရားဥပဒေနှင့် စည်းမျဥ်းစည်းကမ်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ တည်ဆဲ သို့မဟုတ် အသစ်ထပ်မံ ထုတ်ပြန်သောစည်းမျဉ်းများ သို့မဟုတ် ဥပဒေများ၏ ကြီးမားသော သက်ရောက်မှုများကို ရည်ညွှန်းပါသည်။ ဥပဒေ နှင့် စည်းမျဥ်းစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး၊ ဥပဒေနှင့် စည်းမျဥ်း စည်းကမ်းများ ကြိမ်ဖန်များစွာ ပြောင်းလဲမှုများကြောင့်လည်း ဆုံးရှုံးမှုများကိုလည်းဖြစ်ပေါ်စေနိုင်ပါသည်။
ငွေရေးကြေးရေးအဖွဲ့အစည်းကို ဆန့်ကျင်သည့် ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက် မှုများသည် ဘဏ်၏အကျိုးစီးပွားဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့်ဘဏ်များသည် စျေးကွက်အတွင်း ဆိုးရွားသောသတင်းများနှင့်ပတ်သက်၍ အလွန်သတိထားသင့်ပြီး ပြင်ဆင်ချက်များကို ချက်ခြင်းလုပ်ဆောင်သင့်ပါသည်။
ဘဏ်၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သော ပြဿနာများသည် ဘဏ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ ထို့ကြောင့်ဘဏ်များသည် ခိုင်မာသော ဆက်သွယ်ဆောင်ရွက်သူများ၏ တုံ့ပြန်ချက်များ၊ တိုင်ကြားမှုများကို ပြန်လည် ဖြေရှင်းရေးစနစ် ရှိသင့်ပါသည်။
ဘဏ်လုပ်ငန်းသည် ယုံကြည်မှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် အမည်ဂုဏ်သတင်းအပေါ် အလွန်အမင်း မှီခိုနေရ သောကြောင့် အမည်ဂုဏ်သတင်းဆိုင်ရာ ဆုံးရှုံးမှုမှာ အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှု၏ အဆင့်အတန်းမြင့်မားမှု၊ ဆက်သွယ်ဆောင်ရွက်သူများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်ပြောဆိုခြင်းဖြင့် အများပြည်သူ များ၏အမြင်တွင် ကောင်းမွန်သော ကော်ပိုရိတ်နှင့် လူမှုရေးဆိုင်ရာဂုဏ်သတင်းကို တည်ဆောက်ခြင်းဖြင့် အမည်ဂုဏ် သတင်းဆိုင်ရာဆုံးရှုံးနိုင်မှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
ဘဏ်၏ အမည်ဂုဏ်သတင်းဆိုင်ရာဆုံးရှုံးနိုင်ခြေကို ထိခိုက်စေသည့်အဓိကအကြောင်းရင်းများမှာ အောက်ပါ အတိုင်းဖြစ်သည်။
(၁) ဥပဒေနှင့် စည်းမျဥ်းစည်းကမ်း မလိုက်နာမှုများ
(၂) သတင်းအမှားများ ကြော်ငြာခြင်း သို့မဟုတ် စာနယ်ဇင်းသတင်းများ
(၃) ဘဏ်လုပ်ငန်းဝန်ဆောင်မှု အရည်အသွေးကျဆင်းမှုများ
(၄) ဘဏ်ဝန်ထမ်းဆက်ဆံရေးမကောင်းမှုများ
(၅) ကော်ပိုရိတ်အုပ်ချုပ်မှု အရည်အသွေးနိမ့်ကျမှုများ
(၆) လုပ်ငန်းစွမ်းဆောင်ရည်နိမ့်ကျမှုများ
ဘဏ်တစ်ခုသည် ကုမ္ပဏီအုပ်စုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ပြီး ယင်းကုမ္ပဏီအုပ်စု၏ ဆက်စပ်ပိုင်ရှင်များ နှင့် စီးပွားရေးလုပ်ဆောင်ခြင်း သို့မဟုတ် လုပ်ငန်းချိတ်ဆက်မှုတစ်ခုခုရှိခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပါသည်။ ဘဏ်များသည် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး သက်ဆိုင်ရာပါတီလုပ်ငန်းဆိုင်ရာ ငွေကြေးဆိုင်ရာဆောင်ရွက် မှုများကို ရှောင်ကြဉ်ရပါမည်။
ငွေရေးကြေးရေးအဖွဲ့အစည်းများသည် စျေးကွက်တွင် ကြီးထွားလာသောစိန်ခေါ်မှုများနှင့် ယိုယွင်း လာသော စီးပွားရေးပတ်ဝန်းကျင်နှင့်အတူပါ၀င်လာသည့် မဟာဗျူဟာမြောက်အန္တရာယ်ကိုလည်း ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ် တို့သည် ထိုစိန်ခေါ်မှုများကိုသတိထားသင့်ပြီး လိုအပ်သောပြင်ဆင်မှုအစီအမံများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သင့်ပါသည်။