About စုပေါင်း အသက်အာမခံ
လုပ်ငန်းပိုင်ရှင်တွေနဲ့ အလုပ်ရှင်တွေကမိမိတို့ရဲ့ တန်ဖိုးထားရတဲ့ အဖွဲ့ဝင်ဝန်ထမ်းတွေ အတွက် စုပေါင်း အသက် အာမခံ ထားပေးခြင်းဖြင့်Corporate Social Responsibility ယူပြီး မိမိဝန်ထမ်းများဘဝကိုလုံခြုံမှုပေးနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စုပေါင်းအသက်အာမခံဟာ သင့်ဝန်ထမ်းတွေ မမျှော်လင့်ဘဲအသက်ဆုံးရှုံးမှု၊ ထာဝစဉ် မသန်စွမ်း ဖြစ်မှု ဒါမှမဟုတ် ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှု တစ်ခုခုနဲ့ ကြုံလာခဲ့ရင် အကာအကွယ်ပေးတဲ့ အာမခံ ပေါ်လစီ ဖြစ်ပါတယ်။ ဒါ့အပြင် စုပေါင်း အသက် အာမခံထားရှိပေးထားခြင်းဖြင့် မမျှော်လင့်တဲ့ကိစ္စရပ်တွေဖြစ်လာခဲ့ရင် ငွေကြေးအထောက်အပံ့ရမှာဖြစ်လို့ သင့်ဝန်ထမ်း တွေသာမက သူတို့ရဲ့မိသားစုဝင်တွေကိုပါ လုံခြုံမှုပေးနိုင်ပါတယ်။
Key Benefits
(၁) အာမခံထားရှိတဲ့ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူခံစား ခွင့်ရှိမှာဖြစ်ပါတယ်။
(၂) မတော်တဆထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်ထောက်ခံချက်အပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
Product Features
- အာမခံပေါ်လစီ သက်တမ်းတစ်ခုလုံးအတွက် ကျသင့်တဲ့ပရီမီယံကို တစ်ကြိမ်တည်းသာ ပေးချေဖို့ လိုအပ်ပါတယ်။
မှတ်ချက်:
Life Insurance to secure your most important business resource- People