page-loading
flexi-about

About မိသားစုအကာအကွယ်စုငွေ အသက်အာမခံ

သင်နဲ့ သင့်မိသားစုရဲ့အနာဂတ်အတွက် မိသားစုအကာအကွယ်စုငွေ အသက်အာမခံ

လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ GGI Nippon Life ရဲ့ မိသားစုအကာ အကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ် တွေကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးတဲ့အခါ ငွေကြေး အထောက်အပံ့ရစေဖို့ ရည်ရွယ်တဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။

Key Benefits

key-benefits-img
(၁) နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
key-benefits-img
(၂) အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။

Product Features

  • အာမခံသက်တမ်းတစ်ခုလုံးအတွက် ပရီမီယံကြေးကို အလီလီခွဲသွင်းစရာမလိုဘဲ တစ်ကြိမ်တည်းသာ ပေးချေဖို့လိုအပ်ပါတယ်။ 
  • သင့်စုငွေကာလနဲ့ ဘဝရည်မှန်းချက်တို့အပေါ်မူတည်ပြီး အာမခံသက်တမ်းကို ၃နှစ်၊ ၄နှစ် သို့မဟုတ် ၅နှစ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

     

  • ငါးနှစ်သက်တမ်းပေါ်လစီအတွက် အာမခံထားငွေစုစုပေါင်းရဲ့ (၇၁%) သာ ပေးသွင်းဖို့လိုအပ်ပါတယ်။

     

  • နှစ်စေ့အကျိုးခံစားခွင့်အနေနဲ့ ပေါ်လစီသက်တမ်းပြည့်တဲ့အချိန်မှာ နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။

     

  • မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင် အသက်ဆုံးရှုံးတဲ့ အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် သင့်မိသားစုထံ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။

     

  • အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများ ၊ မြန်မာနိုင်ငံတွင်အကြောင်းအမျိုးမျိုးဖြင့် တရားဝင်လာရောက်နေထိုင်ကြသော နိုင်ငံခြား သားများမည်သူမဆိုမိသားစု အကာအကွယ်စုငွေအသက်အာမခံကို ဝယ်ယူခွင့်ရှိပါတယ်။
  • အရေးကြီးသောအချက်
    ဒီအာမခံအတွက် ပရီမီယံကြေးကို ချက်လက်မှတ်ဖြင့်ပေးချေခြင်း ဒါမှမဟုတ် ဘဏ်ကနေငွေလွှဲခြင်း နည်းလမ်းတို့နဲ့သာ အာမခံကုမ္ပဏီဆီ ပေးသွင်းရမှာဖြစ်ပါတယ်။
    လက်ရှိဝင်ငွေခွန်ဥပဒေများအရ မိသားစုအကာအကွယ်စုငွေ အသက်အာမခံအတွက် အာမခံထားသူရဲ့ ပရီမီယံကြေးဟာ အခွန်ကောက်ခံမှုကနေ ကင်းလွတ်ခွင့်ရှိပါတယ်။ဥပမာ-

    အသက် (၃၀) အရွယ်ရှိတဲ့ အာမခံဝယ်ယူသူတစ်ဦးက (၅)နှစ်သက်တမ်းအဆုံးမှာ မြန်မာကျပ်ငွေသိန်းတစ်ရာ့ငါးဆယ် ကို ထုတ်ယူ နိုင်ဖို့ တစ်ကြိမ်စာပရီမီယံကြေးအဖြစ် မြန်မာကျပ်ငွေမြန်မာကျပ်ငွေ တစ်ရာ့ခြောက်သိန်းငါးသောင်းသာပေးသွင်းဖို့လိုအပ်ပါတယ်။

မှတ်ချက်:

Make your life dreams come true with savings / higher benefits

You may also interest in

green-fin
ရွေးချယ်စီမံ စိတ်ကြိုက်အာမခံ
  • ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
  • ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
  • တစ်လုံးတည်းအကျိုးခံစားခွင့်
green-fin
စိတ်ကြိုက်စုငွေ အသက်အာမခံ
  • နှစ်စေ့အကျိုးခံစားခွင့် – အာမခံပေါ်လစီပါ အာမခံသက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် အာမခံထားငွေ အပြည့်အဝ ထုတ်ယူနိုင်ပါတယ်။
  • ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံပေါ်လစီသက်တမ်းအတွင်း သက်မှတ်ထားသောနေ့ရက်များတွင် အာမခံထားသူအသက်ရှင်သန်နေပါက ရှင်သန်မှုအကျိုးခံစားခွင့်များကို ထုတ်ယူနိုင်ပါတယ်။
  • ရှင်သန်မှုအကျိုးခံစားခွင့် စုဆောင်းမှုနှင့် အတိုးခံစားခွင့် – ရှင်သန်မှုအကျိုးခံစားခွင့်ကို ထုတ်ပေးရန် သတ်မှတ်ထားသောနေ့ရက်များတွင် မထုတ်ယူဘဲ စုဆောင်းထားရှိနိုင်ပြီး ယင်းစုငွေအပေါ်တွင် အတိုးနှုန်းပါ ထပ်ဆောင်းခံစားခွင့်ရှိပါတယ်။
green-fin
မိဘမေတ္တာ ပညာရေး အာမခံ
  • နှစ်စေ့အကျိုးခံစားခွင့် – အာမခံဝယ်ယူသူ မိခင် (သို့) ဖခင်၊ အာမခံထားသူ (ရင်သွေးငယ်)အာမခံသက်တမ်း အတွင်း ကျန်းကျန်းမာမာ ရှိနေပါက ရင်သွေးငယ် အသက် (၁၇)နှစ်ပြည့် ချိန်ကစပြီးအာမခံထားငွေကို လေးနှစ်ဆက်တိုက်အညီအမျှ ထုတ်ပေးခြင်း။
  • ပရီမီယံကင်းလွတ်ခွင့်– အာမခံဝယ်ယူပေးတဲ့မိခင်(သို့) ဖခင်မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းသို့မဟုတ် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း ကြုံတွေ့ခဲ့ရပါက ပရီမီယံအားလုံးကို ဆက်လက်ပေးသွင်းရန်မလိုဘဲ အာမခံထားသူ (ရင်သွေးငယ်) အသက် (၁၇) နှစ်ပြည့်ချိန်ကစပြီး အာမခံထားငွေ အပြည့်အဝကိုရင်သွေးငယ်မှ လေးနှစ်ဆက်တိုက် အညီအမျှ ရရှိခြင်း။
  • အသက်ဆုံးရှုံးခြင်း – အာမခံထားသူ (ရင်သွေးငယ်) မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းကြုံတွေ့ခဲ့ ရပါကအာမခံဝယ်ယူသူ မိခင် (သို့) ဖခင် အား အာမခံထားငွေ အပြည့်အဝ ထုတ်ပေးခြင်း။
green-fin
ဘဝလုံခြုံမှု စုငွေ အာမခံ
  • နှစ်စေ့ အကျိုးခံစားခွင့် – နှစ်စေ့ ပေါ်လစီအရ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
  • သက်သာသော ပရီမီယံကြေးများ – တစ်လ ၇၂၀၀ကျပ်မှ စတင်ပေးသွင်းနိုင်ခြင်း၊ ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
  • အခြားပေါ်လစီခံစားခွင့်များ – ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့် အခြား ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
green-fin
ချေးငွေပေးဆပ်မှု အကာအကွယ် အသက်အာမခံ
  • အသက်အာမခံထားသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခြင်းဒါမှမဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရင် အကျိုးခံစားခွင့်ရှိသူဆီ အာမခံထားငွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
green-fin
လွယ်ကူမြန်ဆန် အသက်အာမခံ
  • ရွေးချယ်စရာ (၁) အသက်ဆုံးရှုံးမှုအကျိုးခံစားခွင့်အတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။
  • ရွေးချယ်စရာ (၂) အသက်ဆုံးရှုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။ မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း/ မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများဖြစ်လျှင် အကျိုးခံစားခွင့် ၂ ဆ (အာမခံထားငွေ စုစုပေါင်း၏ ၂၀၀%) ရရှိနိုင်ခြင်း။
green-fin
ခရီးသွား အာမခံ
  • ဆေးရုံတက်ကုသခြင်းအတွက် – ဆေးရုံတက်ကုသခြင်းအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။
  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ်အခြေခံ၍အကျိုး ခံစားခွင့်ထုတ်ပေးခြင်း။
  • ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရှိရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိရရှိနိုင်ခြင်း။
green-fin
စုပေါင်း အသက်အာမခံ
  • (၁) အာမခံထားရှိတဲ့ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူခံစား ခွင့်ရှိမှာဖြစ်ပါတယ်။
  • (၂) မတော်တဆထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်ထောက်ခံချက်အပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
green-fin
လုပ်သားပြည်သူ အသက်အာမခံ
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသစဉ် အာမခံထားငွေ၏ ၂% ကို တစ်ကြိမ် (၅)ရက်ဖြင့် အာမခံသက်တမ်း (၁)နှစ်အတွင်း (၃)ကြိမ်အထိ ထုတ်ပေးခြင်း။
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်ပေါ်မူတည်၍ လျော်ကြေးထုတ်ပေးခြင်း။
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း – ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။
green-fin
ပြင်းထန်သောရောဂါကုသမှု အာမခံ
  • ပြင်းထန်သောရောဂါများအတွက် – ပြင်းထန်သောရောဂါ (၁၀) မျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။
  • သေဆုံးခြင်းအတွက် – သေဆုံးသွားသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။ (သတ်မှတ်ထားသည့်ပြင်းထန်သောရောဂါများကြောင့် အကျိုးခံစားခွင့် ပေးချေပြီးဖြစ်နေပါက သေဆုံးမှုအကျိုးခံစားခွင့်ကို ရရှိ နိုင်မည်မဟုတ်ပါ)ပြင်းထန်တဲ့ရောဂါကုသခြင်းနဲ့ သေဆုံးခြင်းအတွက် အကာအကွယ်ပေးမယ့် အကောင်းဆုံးသောအာမခံ။