About အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းသုံးချေးငွေ
ချေးငွေပမာဏ ကျပ်သန်း (၅၀၀) အောက် စီးပွားရေးလုပ်ငန်းများသို့ လှည့်လည်ငွေရင်း (Working Capital) လိုအပ်ချက်နှင့် ပုံသေပိုင်ပစ္စည်း (Fixed Capital) လိုအပ်ချက်အတွက် ထုတ်ချေးသည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။
ချေးငွေပမာဏ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
အများဆုံး ကျပ်သန်း (၅၀၀) အထိ | ၁ နှစ်မှ ၃ နှစ်အထိ | ၁၂% မှ ၁၅% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ နှင့် ဓာတ်ပုံ (၂” ×၂” ) ၂ပုံ။
- လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ (မူရင်း)။
- ချေးငွေလျှောက်ထားလွှာနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်မှတ်တမ်း။
- ကုမ္ပဏီ၏သက်တမ်းရှိ မှတ်ပုံတင်လက်မှတ် (DICA) နှင့် ပူးတွဲစာရွက်စာတမ်းများ။
- သက်တမ်းရှိ လုပ်ငန်းလိုင်စင်မိတ္တူ။
- ချေးငွေရယူရန် စီးပွားရေးအစီအစဉ်များ။
- ဘဏ္ဍာရေးရှင်းတမ်း (၃) နှစ်စာ။
- ဝင်ငွေခွန်၊ ကုန်သွယ်ခွန် ပြေစာမိတ္တူများ (၃) နှစ်စာ။
- အာမခံပေးအပ်သောချေးငွေအတွက် အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများ။
မှတ်ချက်:
ချေးငွေလျှောက်ထားသော ရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အခြားစာရွက်စာတမ်းများ ထပ်မံလိုအပ်နိုင်ပါသည်။
Check yours loan eligibility now!
To know your estimated loan eligibility amount, calculate at AYA Home Loan Calculator
Calculate