စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်စနစ်နှင့်အညီ တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ PIU College နှင့် UMBEEA တို့ ပူးပေါင်းကျင်းပသည့် “Corporate Governance Free Seminar & Panel Discussion 2026” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI (Mingalar Hall) ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် Corporate Governance ဆိုင်ရာ အသိပညာရပ်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာသောင်းဌေး (Honorable Professor – PIU College) မှ ဦးဆောင် ဟောပြောပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ “Corporate Governance Culture For Business “ ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ ဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး (Retired Union Minister)၊ မြန်မာ့ခရီးသွားဘဏ်၏ CEO ဒေါက်တာဝင်းလွင်၊ U9 ၏ CEO Ms. Caroline Yin Yin Htay နှင့် Group CEO – Pun Hlaing Hospitals ဒေါက်တာဇော်ဝင်းစန္ဒီတို့မှ Panelists များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး ဦးကျော်ဒေဝ (President – UMBEEA) မှ Moderator အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများအတွင်း ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ်များကို စနစ်တကျ တည်ဆောက်ပုံများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။
MTB Bank အနေဖြင့် ယခုကဲ့သို့ စီးပွားရေးနှင့် ပညာရေးကဏ္ဍကို ပေါင်းကူးပေးသည့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ မှန်ကန်စနစ်ကျသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့်အပြင်၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ချဲ့ထွင်လိုသော လုပ်ငန်းရှင်များအတွက်လည်း ခိုင်မာစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


