![page-loading](https://mtb.com.mm/wp-content/themes/MTB/assets/images/icons/LOADING.gif)
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
မြန်မာ့ခရီးသွားဘဏ်လီမိတက်၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါသည်။ ဆုံးရှုံးနိုင်ခြေဟူသည် အနာဂတ်တွင်ဘဏ်အတွက် ငွေကြေး ဆုံးရှုံးနိုင်ခြေနှင့် ငွေကြေးကိုအခြေခံသည့် ဆုံးရှုံးနိုင်ခြေများကိုဆိုလိုသည်။ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်သည် ချေးငွေ ဆုံးရှုံးနိုင်ခြေ ၊ ငွေကြေးလွယ်ကူမှုဆိုင်ရာဆုံးရှုံးနိုင်ခြေ ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေနှင့် ဈေးကွက် ဆုံးရှုံးနိုင်ခြေ အစရှိသည့်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ခြင်းနှင့်လျော့ကျအောင်ကုစားခြင်းကို ဆိုလိုပါသည်။မြန်မာ့ ခရီးသွားဘဏ်တွင် ဒါရိုက်တာအဖွဲ့မှအတည်ပြုထားသော ဆုံးရှုံးနိုင်ခြေမူဝါဒရှိပြီး ၎င်းမူဝါဒသည်ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုဌာန၏ ဆောင်ရွက်မှုများကို ထိန်းကျောင်းကွပ်ကဲပါသည်။