ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ် (Risk Management System)
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း ကာကွယ်မှုစနစ်တွင်လိုင်း(၃)လိုင်းပါဝင်ပါသည်။
(က) ပထမကာကွယ်ရေးလိုင်း (First Line of Defense)
ဘဏ်၏ပထမကာကွယ်ရေးလိုင်းကိုလုပ်ဆောင်ရန်စီးပွားရေးလုပ်ငန်းလိုင်းကိုပံ့ပိုးကူညီရာတွင်ပါဝင်ခြင်းနှင့် ၎င်းတွင် Retail နှင့် Corporate Customer များနှင့် ဆက်ဆံနေရသော ဝန်ထမ်းများ ပါဝင်ပါသည်။
(ခ) ဒုတိယကာကွယ်ရေးလိုင်း (Second Line of Defense)
Risk & Compliance Function သည် ချေးငွေဆုံးရှုံးနိုင်ခြေအန္တရာယ်ကို အကဲဖြတ်ရန် ဆုံးရှုံးနိုင်ခြေ အုပ်ချုပ်မှုဖွဲ့စည်းပုံ ၊ ချေးငွေပြန်လည်သုံးသပ်ခြင်း ၊ Compliance Officer ၊ Chief Credit Officer တို့ပါဝင်သော ကာကွယ်ရေးဆိုင်ရာ ဒုတိယလိုင်းဖြစ်ပါသည်။
(ဂ) တတိယကာကွယ်ရေးလိုင်း (Third Line of Defense)
တတိယလိုင်း၌ ဘဏ်တွင်းစာရင်းစစ်ဌာန ပါဝင်ပါသည်။၎င်းသည်ဆုံးရှုံးနိုင်ခြေနှင့်ကိုယ်တိုင်အာမခံထိန်းချုပ် နိုင်မှုကို သတ်မှတ်ပေးနိုင်ပါသည်။