page-loading
လူငယ်တွေရဲ့ အနာဂတ်အတွက် MTB Bank မှ 2025 HYPE Futsal Championship ကို 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးကူညီ
အားကစားကိုမြှင့်တင်ရင်း လူငယ်တွေရဲ့ ဝါသနာနဲ့ အနာဂတ်ဘဝပိုမိုတောက်ပစေဖို့ရည်ရွယ်၍ 𝐇𝐲𝐩𝐞 𝐄𝐯𝐞𝐧𝐭𝐬 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 မှ
ဦးစီးကျင်းပသည့် ” 𝐇𝐘𝐏𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩” ဘောလုံးပြိုင်ပွဲအား ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၂၊ ၁၄၊ ၁၉၊ ၂၁ )ရက်နေ့ထိ (၄) ရက်တိုင်တိုင်
𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐝𝐢𝐮𝐦 ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ဂုဏ်ယူစွာ ပံ့ပိုးကူညီပေးခဲ့ပါသည်။
အဆိုပါပြိုင်ပွဲအစီအစဉ်တွင် ကျောင်းပေါင်း (၁၁) ကျောင်းမှ ကျောင်းသားတွေဟာ (၄) ရက်တိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး
အားကစားစိတ်ဓာတ်အပြည့်နဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြပါသည်။ ပွဲစဉ်တွေတစ်လျှောက် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက်
𝐒𝐞𝐦𝐢 𝐅𝐢𝐧𝐚𝐥𝐬 နှင့် 𝐅𝐢𝐧𝐚𝐥 သို့တက်ရောက်သွားသော 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အသင်းများအား ဆုဖလားများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်လည်း ကြွရောက်လာကြတဲ့ ပွဲကြည့်ပရိတ်သတ်ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့်
ကျောင်းသား၊ကျောင်းသူများအား 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 နှင့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐜𝐜𝐨𝐮𝐧𝐭 များဖွင့်လှစ်ပေးကာ 𝐌𝐓𝐁 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝, 𝐌𝐓𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠,
𝐌𝐓𝐁 𝐁𝐚𝐧𝐜𝐚𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့တဲ့ ပုံရိပ်များကို
မှတ်တမ်းတင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🤗
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့.
27 August 2025

နောက်ဆုံးရသတင်းများ

csr-bl
Corporate Governance Free Seminar & Panel Discussion 2026

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်စနစ်နှင့်အညီ တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ PIU College နှင့် UMBEEA တို့ ပူးပေါင်းကျင်းပသည့် “Corporate Governance Free Seminar & Panel Discussion 2026” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI (Mingalar Hall) ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Corporate Governance ဆိုင်ရာ အသိပညာရပ်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာသောင်းဌေး (Honorable Professor - PIU College) မှ ဦးဆောင် ဟောပြောပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ “Corporate Governance Culture For Business “ ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ ဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး (Retired Union Minister)၊ မြန်မာ့ခရီးသွားဘဏ်၏ CEO ဒေါက်တာဝင်းလွင်၊ U9 ၏ CEO Ms. Caroline Yin Yin Htay နှင့် Group CEO - Pun Hlaing Hospitals ဒေါက်တာဇော်ဝင်းစန္ဒီတို့မှ Panelists များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး ဦးကျော်ဒေဝ (President - UMBEEA) မှ Moderator အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများအတွင်း ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ်များကို စနစ်တကျ တည်ဆောက်ပုံများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ယခုကဲ့သို့ စီးပွားရေးနှင့် ပညာရေးကဏ္ဍကို ပေါင်းကူးပေးသည့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ မှန်ကန်စနစ်ကျသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့်အပြင်၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ချဲ့ထွင်လိုသော လုပ်ငန်းရှင်များအတွက်လည်း ခိုင်မာစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐡𝐚𝐭 𝐌𝐚𝐭𝐭𝐞𝐫𝐬: 𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐚𝐧𝐤𝐢𝐧𝐠 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧𝐬

ယနေ့ မြန်မာနိုင်ငံမှာ Scammers တွေရဲ့ နည်းလမ်းတွေက နေ့စဉ်နဲ့အမျှ ပိုမိုနက်နဲလာပြီး မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးတွေဟာ Online Scam တွေ၊ Fake Investments တွေကြောင့် ဆုံးရှုံးနေရတာ တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။ ဒီနေ့မှာတော့ Myanma Tourism Bank (MTB) မှာ ကျင်းပခဲ့တဲ့ “ဝေးဝေးရှောင်” (Way Way Shaung) – Scam Prevention Ambassadors Program ရဲ့ Certificate Awarding Ceremony ဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာ ခြေလှမ်းတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ ဘဏ်တစ်ခုရဲ့ တာဝန်ဟာ ငွေကြေးဝန်ဆောင်မှုပေးရုံတင် မဟုတ်ဘဲ “Trust” (ယုံကြည်မှု) ကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်။ သို့ပါသောကြောင့် ဒီနေ့ သင်တန်းဆင်းခဲ့ကြတဲ့ ဘဏ်ရဲ့ ဝန်ထမ်း Scam Prevention Ambassadors တွေဟာ ရိုးရိုးဝန်ထမ်းတွေမဟုတ်တော့ဘဲ- လိမ်လည်မှုနည်းလမ်းသစ်တွေကို ကြိုတင်သိမြင်နိုင်မယ့် Frontline Defenders တွေ၊ သုံးစွဲသူတွေကို အချိန်မီ သတိပေးနိုင်မယ့် Knowledge Sharers တွေ ဖြစ်လာကြပါပြီ။ Nation Building မှာ Digital Literacy က အလွန်အရေးကြီးလာပြီဖြစ်သောကြောင့် မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးများ မဆုံးရှုံးစေဖို့အတွက် “Secure Finance, Informed Community” ဆိုတဲ့ မူဝါဒအတိုင်း MTB Bank မှ ဆက်လက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ယနေ့ အောင်မြင်စွာ သင်တန်းဆင်းခဲ့တဲ့ Scam Prevention Ambassadors တွေအားလုံးအတွက် အထူးဂုဏ်ယူပါတယ်။ Knowledge Shared = Loss Prevented. သင်ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း Scam အန္တရာယ်တွေအကြောင်း အမြဲသတိပေး၊ မျှဝေပေးကြဖို့ MTB မှ တိုက်တွန်းချင်ပါတယ်။ Let’s stay alert. Let’s protect our people. . Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ – တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးcjif;

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ - တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဟောင်းမိတ်သစ်များ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အထွေထွေအာမခံဝန်ဆောင်မှုများကို 𝐌𝐓𝐁 ဘဏ်ခွဲများတွင် အဆင်ပြေချောမွေ့စွာ ရယူနိုင်ရန်၊ အာမခံပရီမီယံကြေး ပေးသွင်းခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘဏ်စနစ်ဖြင့် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ပိုမိုတောက်ပတဲ့ အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ Chief Executive Officer ဦးဝင်းလွင် နှင့် “FNI (General)” ၏ Chief Executive Officer Mr. Indren Stephen Naidoo တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး "မြန်မာ့ခရီးသွားဘဏ်" ၏ Chief Credit Officer ဦးကျော်သူရဝင်းနှင့် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းတို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow