page-loading
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘)တို့ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခြင်း
✨ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘) တို့သည်
မြန်မာနိုင်ငံ၏ ရပ်ရွာလူထုဘဝ သာယာဝပြောရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ
အားကောင်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ 𝐌𝐞𝐥𝐢𝐚 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 (𝐋𝐞𝐯𝐞𝐥 𝟐) ၌
နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခဲ့ကြပါသည်။
✨ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့်
ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ရပ်ရွာစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းစတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို
အတူတကွ ဖော်ဆောင်သွားကြရန် အဆိုပါ လက်မှတ်ရေးထိုးခြင်းတွင် “မြန်မာ့ခရီးသွားဘဏ်” ၏
𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါ်သိင်္ဂီလင်းနှင့် “𝐑𝐂𝐂𝐘” ၏ 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 ဒေါ်မေမြတ်မွန်ဝင်းတို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး
“မြန်မာ့ခရီးသွားဘဏ်” ၏ 𝐂𝐄𝐎 ဦးဝင်းလွင်နှင့် “𝐑𝐂𝐂𝐘” ၏ 𝐂𝐥𝐮𝐛 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐲 ဦးသန်းထွဋ် တို့မှ အသိသက်သေများအဖြစ်
အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြသည့် မှတ်တမ်းပုံရိပ်များမျှဝေဖော်ပြရင်း သတင်းစကားပါးအပ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
30 July 2025

နောက်ဆုံးရသတင်းများ

csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
IIBA Official Program Launch Event & Free Seminar

မြန်မာနိုင်ငံ၏ Business Analysis ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်များကို လေ့လာသင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ Matrix College မှ ကျင်းပပြုလုပ်သော “IIBA Official Program Launch Event & Free Seminar” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Tower ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်မှလည်း ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Matrix College အနေဖြင့် ကနေဒါအခြေစိုက် IIBA® ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော Official Academic Partner အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး၊ “Insights into Business Analysis: Roles, Skills, and Value Creation” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် U Ye Mon Min (Chief Business Officer - Wave Money)၊ U Win Lwin (Chief Executive Officer - Myanma Tourism Bank)၊ U Wai Lin Htun (Instructor and Certified Business Intelligence & Data Analyst - Matrix College) တို့မှ Panelists များအဖြစ် ပါဝင်ခဲ့ကြပြီး Daw May Sopyae Nyan, CFA (Founder & Managing Director- Matrix College) မှ Moderator အဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ Digital Transformation ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် BA Skillsets များ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မှုများနှင့် Business Value Creation အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြပါသည်။ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသော အင်အားတစ်ရပ်ပင်ဖြစ်တာကြောင့် MTB Bank အနေဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ပေါင်းကူးပေးသည့် ယခုကဲ့သို့သော အစီအစဉ်များတွင်လည်း အစဉ်တစိုက် ပါဝင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow