Terms & Conditions
Account Opening Term & Condition
လျှောက်ထားသူ(တို့)အပေါ်(ဗဟိုဘဏ်အသိအမှတ်ပြု Myanmar Credit Bureau Ltd.(သို့) ဤလျှောက်ထားမှုများနှင့် ဆက်စပ်သည့် အခြားအဖွဲ့အစည်းများနှင့် စုံစမ်းမှုများ၊စစ်ဆေးမှုများ၊ ပြုလုပ်ခြင်းအပါအဝင်) စုံစမ်းမှုများ၊ စစ်ဆေးမှုများ၊ ပြုလုပ်ရန် ၊မည်သည့်ရင်းမြစ်မှ/ နှင့်မ ဆို အချက်အလက်ရယူရန် /တိုက်ဆိုင်စစ်ဆေးရန်နှင့်/သို့ လျှောက်ထားသူ(တို့) နှင့်လည်းကောင်း၊ ဘဏ်ရှိလျှောက်ထားသူ(တို့)၏ စာရင်း (များ)နှင့်လည်းကောင်း သက်ဆိုင်သည့်မည်သည့် သတင်းအချက်အလက်ကိုမဆို (ဘဏ်နှင့် သက်ဆိုင်သည့် ကုမ္ပဏီများ၊ အကြံပေးများ၊ ချေးငွေ ဆိုင်ရာဗျူရိုများ၊ ချေးငွေဆိုင်ရာအချက်အလက်စုစည်း/ သိမ်းဆည်းသည့် အေးဂျင့်များ၊ အာမခံစီစဉ်ပေးသူများ (သို့) အစိုးရအာဏာ ပိုင်များ/အဖွဲ့အစည်းများ အပါအဝင်) အခြား အဖွဲ့အစည်း(သို့)ရင်းမြစ်သို့ ဘဏ်၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် သင့်တော်သည်ဟုယူဆချိန်တွင် လျှောက်ထားသူ(တို့) အား သိပေးခြင်း၊ တာဝန်ခံခြင်း၊ မပြုဘဲ ထုတ်ဖော်/ပြောကြားရန် လျှောက်ထားသူ(တို့)၏ သဘောတူညီချက်နှင့် အခွင့်အာဏာ ကိုလျှောက်ထားသူ (တို့)မှ ဘဏ်အား အပ်နှင်းပါသည်။
- ကျွန်တော်/ကျွန်မတို့သည် ဘဏ်မှချမှတ်ထားသော အပ်ငွေ စည်းမျဉ်း/စည်းကမ်းများကို ဖတ်ရှုနားလည်ပြီးဖြစ်ပါ၍ လိုက်နာသဘောတူပါမည်။
- ကျွန်တော်/ကျွန်မတို့သည် အထက်တွင် ဖြည့်စွက်ထားသော အချက်အလက်များ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပါသည်။
- ကျွန်တော်/ကျွန်မတို့သည် ဘဏ်မှချမှတ်ထားသော အပ်ငွေ စည်းမျဉ်း/စည်းကမ်းများအား အခါအားလျော်စွာ ပြောင်းလဲခြင်း/ပြင်ဆင်ခြင်းများပေါ်တွင် သဘောတူပါသည်။
- ကျွန်တော်/ကျွန်မတို့သည် ဘဏ်မှချမှတ်ထားသော အပ်ငွေ စည်းမျဉ်း/စည်းကမ်းများ အားလုံးကို ဖတ်ရှုပြီးဖြစ်ပါသည်။
- လျှောက်ထားသူသည် ဆက်သွယ်ရန်လိပ်စာ/ဖုန်းနံပါတ်များပြောင်းလဲပါက ဘဏ်သို့ဆက်သွယ် အကြောင်းကြားပါမည်။
- ဤစာရင်းဖွင့်လှစ်ခြင်း၊ လည်ပတ်ခြင်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေ များနှင့်အညီ ဖြစ်ရမည်။