page-loading

“ Thanaka Event”

“ Thanaka” : A symbol of Myanmar’s beauty, tradition, and cultural heritage. Myanma Tourism Bank is honored to support the “ Together Through Thanaka” campaign, a vital initiative to recognize the significance of “ Thanaka” by nominating it for UNESCO’s Intangible Cultural Heritage list. Just as “ Thingyan” celebrates our New Year, Thanaka embodies our unique identity. We’re proud to play a role in preserving this invaluable aspect of our cultural legacy for future generations. Learn more about this important campaign and join us in celebrating Myanmar’s rich heritage!

17 February 2025

နောက်ဆုံးရသတင်းများ

csr-bl
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အား ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်

မြန်မာ့ဘဏ်လုပ်ငန်းအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ဟာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။ ဒါဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ 𝐀𝐁𝐀 အဖွဲ့ကြီးမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားပြုပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဤဘုတ်အဖွဲ့တွင် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ၏ 𝐂𝐄𝐎 ဦးဝင်းလွင်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး အာရှပစိဖိတ်ဒေသရှိ ထိပ်တန်းဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေးအမြင်သစ်များယူဆောင်လာ၍ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ တိုးချဲ့ပါဝင်နိုင်မှုနှင့် ရေရှည်တံ့ခိုင်မြဲ၍ ပိုမိုဖွံ့ဖြိုးတိုးတက်သည့် ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤအောင်မြင်မှုဟာ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 အတွက်သာမက မြန်မာ့ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်တစ်ခုပင်ဖြစ်ပါသည်။ ဆက်လက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အာရှတလွှား ပေါင်းကူးတံတားများ တည်ဆောက်ကာ ပိုမိုတောက်ပတဲ့ ဘဏ္ဍာရေးအနာဂတ်ကို ပုံဖော်ကြပါစို့။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ

“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့် ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒီလေ့ကျင့်မှုကို 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 နှင့် 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ငလျင်လှုပ်တဲ့အခါ ရှောင်တိမ်းပုံနှင့် ရှေးဦးသူနာပြုစုနည်း အခြေခံအဆင့်ဆင့်များအစရှိတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လက်တွေ့ကျကျ ကွင်းဆင်းလေ့ကျင့်မှုများကို 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ရဲ့ ဝန်ထမ်းမိသားစုဝင်များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါသည်။ ဒီလေ့ကျင့်မှုဟာ ဝန်ထမ်းတွေရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာကို မြှင့်တင်ပေးရုံသာမကဘဲ ဝန်ထမ်းအချင်းချင်း ရိုင်းပင်ကူညီတတ်တဲ့အလေ့အကျင့်ကောင်းနဲ့ ပိုမိုလုံခြုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ဟာ မိဘပြည်သူများအတွက် အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အစဉ်အမြဲကြိုးစားနေသလို ဘဏ်ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း အလေးထားဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖော်ပြအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
သတင်းထုတ်ပြန်ချက် – မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုအဖြစ် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐠𝐞𝐧𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဝန်ဆောင်မှု

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ နည်းပညာမိတ်ဖက်ဖြစ်သည့် 𝐁𝐀𝐑𝐃𝐒 (𝐃𝐢𝐧𝐠𝐞𝐫) ကုမ္ပဏီ နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် MTB Pay App အား နောက်ထပ်အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုအဖြစ် စိုက်ထူမည့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐠𝐞𝐧𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဝန်ဆောင်မှုကို စတင်မိတ်ဆက်သည့် အခမ်းအနားအား ဆူးလေလမ်းမကြီးပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေလိုက်ရပါသည်။   𝐘𝐨𝐮𝐫 𝐁𝐚𝐧𝐤, 𝐉𝐮𝐬𝐭 𝐀𝐫𝐨𝐮𝐧𝐝 𝐭𝐡𝐞 𝐂𝐨𝐫𝐧𝐞𝐫 သင်နဲ့ အနီးဆုံးမှာရှိနေမယ်

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow