page-loading
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးလျက်ရှိသော MTB 💙

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank – MTB) အနေဖြင့် “Tourism” ဟူသော အမည်နာမနှင့်အညီ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးကူညီလျက်ရှိပါသည်။

ခရီးသွားလုပ်ငန်းသည် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသာမက သယ်ယူပို့ဆောင်ရေး၊ MSMEs လုပ်ငန်းများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာနှင့် အခြားဆက်စပ်ကဏ္ဍများစွာကို ချိတ်ဆက်ပေးနေသည့် အရေးပါသော စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

ထိုသို့ အရေးပါသော ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားဘဏ် (MTB) မှ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရန်ပုံငွေပေးအပ်ပံ့ပိုးခြင်းကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပါသည်။

ယခုကဲ့သို့ ပံ့ပိုးမှုသည် ငွေကြေးအကူအညီတစ်ရပ်သာမက MTB ၏ “Profit With Purpose” ဟူသော ယုံကြည်ချက်အတိုင်း ဘဏ်၏တိုးတက်မှုမှတစ်ဆင့် မြန်မာ့ခရီးသွားကဏ္ဍအတွက် ပြန်လည်အကျိုးပြုခြင်း ဖြစ်ပါသည်။

MTB အနေဖြင့် ဘဏ်၏အမြတ်ငွေ (Profit) မှ ၅ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပံ့ပိုးသွားမည့် Commitment ကို ချမှတ်ထားပြီး ယခုအစီအစဉ်သည် အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

 

22 September 2026

နောက်ဆုံးရသတင်းများ

csr-bl
မြန်မာ့ခရီးသွားဘဏ်နှင့် Falcon Esports (MLBB) အသင်းတို့အကြား Sponsorship Agreement လက်မှတ်ရေးထိုးခြင်း 🎮💙

မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်သစ်တို့၏ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ကြိုးပမ်းအားထုတ်မှုများကို အားပေးပံ့ပိုးရန် ရည်ရွယ်၍ Falcon Esports (MLBB) အသင်းနှင့် Sponsorship Agreement ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ MTB Bank ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် Falcon Esports (MLBB) အသင်းမှ တာဝန်ရှိသူများ၊ ကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ 🎮 ယခု Sponsorship ပံ့ပိုးမှုသည် Esports ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော လူငယ်ကစားသမားများ၏ အရည်အချင်း၊ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုအားပေးခြင်းသာမက မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ 🎮 MTB Bank အနေဖြင့် ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်များ၏ အရည်အချင်းနှင့် အနာဂတ်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည့် ကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းပါဝင်ပံ့ပိုးသွားရန် ကြိုးပမ်းလျက်ရှိပါသည်။ 🎮 ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Falcon Esports (MLBB) အသင်းအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပြီး မြန်မာ့ Esports ကဏ္ဍအတွက်လည်း အကျိုးရှိသော အခွင့်အလမ်းများနှင့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။ Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့ 💙 #MyanmaTourismBank #MTBBank #FalconMobileLegends #Esports #Sponsorship #Partnership  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
📚 အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ ဗဟုသုတများ မျှဝေဆွေးနွေးခြင်း

ဝန်ထမ်းများ၏ ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားဘဏ် (MTB Bank) တွင် “အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ မျှဝေဆွေးနွေးခြင်း” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဆူးလေ Head Office ရှိ Functional Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   အဆိုပါဆွေးနွေးပွဲတွင် MTB Bank ၏ CFO ဖြစ်သူ ဒေါ်ဆွေဆွမြင့်က ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ သဘောတရားများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများအပြင် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။   MTB Bank အနေဖြင့် ဝန်ထမ်းများ၏ အသိပညာနှင့် အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်းဖြင့် ပိုမိုထိရောက်သော လုပ်ငန်းဆောင်ရွက်မှုများနှင့် အရည်အသွေးပြည့်ဝသော ဘဏ်ဝန်ဆောင်မှုများကို ဖော်ဆောင်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။   Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့    

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Myanmar Business Executives Association -18th Annual General Meeting တွင် Myanma Tourism Bank အနေဖြင့် Diamond Contribution Partner

စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association - MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။ ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow