မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank – MTB) အနေဖြင့် “Tourism” ဟူသော အမည်နာမနှင့်အညီ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးကူညီလျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းသည် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသာမက သယ်ယူပို့ဆောင်ရေး၊ MSMEs လုပ်ငန်းများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာနှင့် အခြားဆက်စပ်ကဏ္ဍများစွာကို ချိတ်ဆက်ပေးနေသည့် အရေးပါသော စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။
ထိုသို့ အရေးပါသော ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားဘဏ် (MTB) မှ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရန်ပုံငွေပေးအပ်ပံ့ပိုးခြင်းကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပါသည်။
ယခုကဲ့သို့ ပံ့ပိုးမှုသည် ငွေကြေးအကူအညီတစ်ရပ်သာမက MTB ၏ “Profit With Purpose” ဟူသော ယုံကြည်ချက်အတိုင်း ဘဏ်၏တိုးတက်မှုမှတစ်ဆင့် မြန်မာ့ခရီးသွားကဏ္ဍအတွက် ပြန်လည်အကျိုးပြုခြင်း ဖြစ်ပါသည်။
MTB အနေဖြင့် ဘဏ်၏အမြတ်ငွေ (Profit) မှ ၅ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပံ့ပိုးသွားမည့် Commitment ကို ချမှတ်ထားပြီး ယခုအစီအစဉ်သည် အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


