About လွယ်ကူမြန်ဆန် အသက်အာမခံ
လွယ်ကူရိုးရှင်း သက်သာမြန်ဆန် အားလုံးအတွက် အသက်အာမခံ
မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင် မြန်မာနိုင်ငံအတွင်းက လူတန်းစားမရွေး သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လွယ်ကူရှင်း လင်း မြန်ဆန်စွာ ဝယ်ယူနိုင်မယ့် အကောင်းဆုံးအသက်အာမခံဖြစ်ပါတယ်။
လွယ်ကူမြန်ဆန် အသက်အာမခံကိုထားရှိခြင်းဖြင့် မိမိ မိသားစုအနာဂတ်အတွက် လုံခြုံနွေး ထွေးမှုကို ရရှိစေပြီး တန်ဖိုးထား ချစ်ခင်ရတဲ့မိသားစုဝင်တစ်ဦးဦး မမျှော်လင့်တဲ့အခြေအနေကြုံတွေ့ရတဲ့အခါ မိသားစုဝင်အားလုံးရဲ့ အခြေခံလိုအပ်ချက်တွေကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
Key Benefits
ရွေးချယ်စရာ (၁) အသက်ဆုံးရှုံးမှုအကျိုးခံစားခွင့်အတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။
ရွေးချယ်စရာ (၂) အသက်ဆုံးရှုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။ မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း/ မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများဖြစ်လျှင် အကျိုးခံစားခွင့် ၂ ဆ (အာမခံထားငွေ စုစုပေါင်း၏ ၂၀၀%) ရရှိနိုင်ခြင်း။
Product Features
- အနာဂတ်မှာရွေးချယ်စရာတွေနဲ့ပြည့်နက်နေပေမယ့် အမှန်အကန်ဆုံးသောအရာကို ရွေးချယ်ဖို့ရာအတွက် အရိုးရှင်းအလွယ်ကူဆုံးနဲ့ စိတ်ချရတဲ့ အာမခံ အကာအကွယ်အမျိုးအစားတခုဖြစ်တဲ့အပြင် ၊ အာမခံသက်တမ်း နဲ့ ငွေကြေးအသုံးစရိတ်တို့အပေါ်မူတည်ပြီး သင့်ရဲ့အသက်အာမခံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပေးသွင်းရမယ့်အာမခံကြေး တွေဟာ ဈေးနှုန်းသင့်တင့်တာကြောင့် သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လူတိုင်း ရဲ့အနာဂတ် လုံခြုံနွေးထွေးမှုကို ရရှိစေနိုင်မှာပါ။
- ဘဏ်တွေ နဲ့ အသေးစားငွေချေးလုပ်ငန်းတွေမှာ ချေးငွေထုတ်ယူသူတွေအနေနဲ့ နှစ်တို (သက်တမ်း ၁၂လအောက်) ချေးငွေထုတ်ယူရာတွင် လွယ်ကူမြန်ဆန်အသက်အာမခံကို အာမခံချက်အဖြစ် အသုံးပြုနိုင်ပါတယ်။
- မိတ်ဖက်စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့လည်း လွယ်ကူမြန်ဆန် အသက်အာမခံကို သူတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ တွဲဖက်ပြီး ထပ်တိုးအကျိူး ခံစားခွင့်အဖြစ် အတူတကွ ရောင်းချနိုင်ပါတယ်။
မှတ်ချက်:
Providing peace of mind for you and your family