page-loading
flexi-about

About စိတ်ကြိုက်စုငွေ အသက်အာမခံ

ငွေစုဆောင်းခြင်းနှင့်အတူ အတိုးပါ ရနိုင်တဲ့ အသက်အာမခံအကာအကွယ်

ဘဝရဲ့ပန်းတိုင်တွေဆီ လွယ်ကူစွာလျှောက်လှမ်းနိုင်ဖို့ အာမခံအကာအကွယ်တွေနှင့်အတူ ရှင်သန်မှုအကျိုးခံစားခွင့်ပါ ရရှိနိုင်တဲ့ အသက်အာမခံ

စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း၊ ဆန္ဒအလျောက်စုဆောင်းနိုင်ခြင်းနှင့် စုငွေအပေါ် အတိုးခံစားခွင့်ရရှိခြင်းတို့ကို မိမိတို့ နှစ်သက်သလို ရွေးချယ်နိုင်တဲ့ စုငွေအသက်အာမခံပဲ ဖြစ်ပါတယ်။ အာမခံသက်တမ်းစေ့ရောက်သည့်အခါတွင်လည်း နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ထုတ်ယူနိုင်မှာပါ။

စိတ်ကူးထားတဲ့အိမ်ကလေးကို ဝယ်တာ၊ အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးဖို့ ငွေစုဆောင်းထားတာ၊ အလုပ် မလုပ်တော့တဲ့ အချိန် (ပင်စင်ယူတဲ့အချိန်)အတွက် ဘဏ္ဍာရေးဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားတာစတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ်နှင့်ကိုယ် ချစ်ရ တဲ့သူတွေအတွက် အနာဂတ်မှာ လုံခြုံကြွယ်ဝစေဖို့ စိတ်ကြိုက်စုငွေ အသက်အာမခံက အကူအညီပေးသွားမှာပါ။

Key Benefits

key-benefits-img
နှစ်စေ့အကျိုးခံစားခွင့် – အာမခံပေါ်လစီပါ အာမခံသက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် အာမခံထားငွေ အပြည့်အဝ ထုတ်ယူနိုင်ပါတယ်။
key-benefits-img
ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံပေါ်လစီသက်တမ်းအတွင်း သက်မှတ်ထားသောနေ့ရက်များတွင် အာမခံထားသူအသက်ရှင်သန်နေပါက ရှင်သန်မှုအကျိုးခံစားခွင့်များကို ထုတ်ယူနိုင်ပါတယ်။
key-benefits-img
ရှင်သန်မှုအကျိုးခံစားခွင့် စုဆောင်းမှုနှင့် အတိုးခံစားခွင့် – ရှင်သန်မှုအကျိုးခံစားခွင့်ကို ထုတ်ပေးရန် သတ်မှတ်ထားသောနေ့ရက်များတွင် မထုတ်ယူဘဲ စုဆောင်းထားရှိနိုင်ပြီး ယင်းစုငွေအပေါ်တွင် အတိုးနှုန်းပါ ထပ်ဆောင်းခံစားခွင့်ရှိပါတယ်။
key-benefits-img
အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် – အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေအပြည့်အဝ တစ်လုံးတည်း ထုတ်ယူနိုင်ပါတယ်။

Product Features

  • စိတ်ချလုံခြုံမှု – ချစ်ရတဲ့မိသားစုတွေအတွက် ငွေရေးကြေးရေးနှင့်ပတ်သက်၍ အကာအကွယ်ရရှိပြီး စိတ်ပူပန်မှု ကင်းဝေးစေနိုင်သလို မိမိတို့         အတွက် ငွေကြေးစုဆောင်းမှုတစ်ရပ်လည်း စတင်နိုင်မှာပါ။

  • ငွေဖြစ်လွယ်ခြင်း – အာမခံပေါ်လစီသက်တမ်းအတွင်း သတ်မှတ်ထားတဲ့ကာလတွေ ရောက်ရှိတဲ့အခါ ရှင်သန်မှုအကျိုးခံစားခွင့် တွေကိုထုတ်ယူရရှိ             နိုင်ပါတယ်။ ရှင်သန်မှု အကျိုးခံစားခွင့်တွေကို စုဆောင်းထားရှိပြီးယင်းစုငွေပေါ်မှ အတိုးလည်း ရရှိနိုင်သလို နောက်တစ်ကြိမ်            ပေးရမယ့် အာမခံကြေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

  • အဆင်ပြေလွယ်ကူမှု – မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်တွေဟာ အမြဲတစေ ပြောင်းလဲနိုင်ပါတယ်။                  ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေနှင့်အညီ အာမခံပေါ်လစီသက်တမ်း၊ ပရီမီယံ ပေးသွင်းပုံ နှင့် ရှင်သန်မှုအကျိုး ခံစားခွင့်  ထုတ်ယူသည့်ပုံစံတို့ကို ချိန်ညှိဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်:

A life insurance plan with a savings component that offers interest

You may also interest in

green-fin
ရွေးချယ်စီမံ စိတ်ကြိုက်အာမခံ
  • ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
  • ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
  • တစ်လုံးတည်းအကျိုးခံစားခွင့်
green-fin
မိဘမေတ္တာ ပညာရေး အာမခံ
  • နှစ်စေ့အကျိုးခံစားခွင့် – အာမခံဝယ်ယူသူ မိခင် (သို့) ဖခင်၊ အာမခံထားသူ (ရင်သွေးငယ်)အာမခံသက်တမ်း အတွင်း ကျန်းကျန်းမာမာ ရှိနေပါက ရင်သွေးငယ် အသက် (၁၇)နှစ်ပြည့် ချိန်ကစပြီးအာမခံထားငွေကို လေးနှစ်ဆက်တိုက်အညီအမျှ ထုတ်ပေးခြင်း။
  • ပရီမီယံကင်းလွတ်ခွင့်– အာမခံဝယ်ယူပေးတဲ့မိခင်(သို့) ဖခင်မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းသို့မဟုတ် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း ကြုံတွေ့ခဲ့ရပါက ပရီမီယံအားလုံးကို ဆက်လက်ပေးသွင်းရန်မလိုဘဲ အာမခံထားသူ (ရင်သွေးငယ်) အသက် (၁၇) နှစ်ပြည့်ချိန်ကစပြီး အာမခံထားငွေ အပြည့်အဝကိုရင်သွေးငယ်မှ လေးနှစ်ဆက်တိုက် အညီအမျှ ရရှိခြင်း။
  • အသက်ဆုံးရှုံးခြင်း – အာမခံထားသူ (ရင်သွေးငယ်) မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းကြုံတွေ့ခဲ့ ရပါကအာမခံဝယ်ယူသူ မိခင် (သို့) ဖခင် အား အာမခံထားငွေ အပြည့်အဝ ထုတ်ပေးခြင်း။
green-fin
ဘဝလုံခြုံမှု စုငွေ အာမခံ
  • နှစ်စေ့ အကျိုးခံစားခွင့် – နှစ်စေ့ ပေါ်လစီအရ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
  • သက်သာသော ပရီမီယံကြေးများ – တစ်လ ၇၂၀၀ကျပ်မှ စတင်ပေးသွင်းနိုင်ခြင်း၊ ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
  • အခြားပေါ်လစီခံစားခွင့်များ – ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့် အခြား ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
green-fin
မိသားစုအကာအကွယ်စုငွေ အသက်အာမခံ
  • (၁) နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
  • (၂) အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။
green-fin
ချေးငွေပေးဆပ်မှု အကာအကွယ် အသက်အာမခံ
  • အသက်အာမခံထားသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခြင်းဒါမှမဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရင် အကျိုးခံစားခွင့်ရှိသူဆီ အာမခံထားငွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
green-fin
လွယ်ကူမြန်ဆန် အသက်အာမခံ
  • ရွေးချယ်စရာ (၁) အသက်ဆုံးရှုံးမှုအကျိုးခံစားခွင့်အတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။
  • ရွေးချယ်စရာ (၂) အသက်ဆုံးရှုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။ မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း/ မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများဖြစ်လျှင် အကျိုးခံစားခွင့် ၂ ဆ (အာမခံထားငွေ စုစုပေါင်း၏ ၂၀၀%) ရရှိနိုင်ခြင်း။
green-fin
ခရီးသွား အာမခံ
  • ဆေးရုံတက်ကုသခြင်းအတွက် – ဆေးရုံတက်ကုသခြင်းအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။
  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ်အခြေခံ၍အကျိုး ခံစားခွင့်ထုတ်ပေးခြင်း။
  • ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရှိရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိရရှိနိုင်ခြင်း။
green-fin
စုပေါင်း အသက်အာမခံ
  • (၁) အာမခံထားရှိတဲ့ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူခံစား ခွင့်ရှိမှာဖြစ်ပါတယ်။
  • (၂) မတော်တဆထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်ထောက်ခံချက်အပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
green-fin
လုပ်သားပြည်သူ အသက်အာမခံ
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသစဉ် အာမခံထားငွေ၏ ၂% ကို တစ်ကြိမ် (၅)ရက်ဖြင့် အာမခံသက်တမ်း (၁)နှစ်အတွင်း (၃)ကြိမ်အထိ ထုတ်ပေးခြင်း။
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်ပေါ်မူတည်၍ လျော်ကြေးထုတ်ပေးခြင်း။
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း – ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။
green-fin
ပြင်းထန်သောရောဂါကုသမှု အာမခံ
  • ပြင်းထန်သောရောဂါများအတွက် – ပြင်းထန်သောရောဂါ (၁၀) မျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။
  • သေဆုံးခြင်းအတွက် – သေဆုံးသွားသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။ (သတ်မှတ်ထားသည့်ပြင်းထန်သောရောဂါများကြောင့် အကျိုးခံစားခွင့် ပေးချေပြီးဖြစ်နေပါက သေဆုံးမှုအကျိုးခံစားခွင့်ကို ရရှိ နိုင်မည်မဟုတ်ပါ)ပြင်းထန်တဲ့ရောဂါကုသခြင်းနဲ့ သေဆုံးခြင်းအတွက် အကာအကွယ်ပေးမယ့် အကောင်းဆုံးသောအာမခံ။