About ရွေးချယ်စီမံ စိတ်ကြိုက်အာမခံ
စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါအတွက်ပါ အကာအကွယ်ရနိုင်တာ ကြောင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။ အာမခံသက်တမ်း နှစ်(၂၀) အများဆုံးထိဝယ်ယူနိုင်မယ့် တစ်ခုတည်းသော အာမခံအမျိုးအစား ဖြစ်တာ ကြောင့်လည်း နှစ်ရှည်ကျန်းမာရေးအတွက် စီစဉ်ထားသင့်ပြီး နောက်ဆယ်စုနှစ် (၂)ခုတိုင်အောင် ကျန်းမာရေးအတွက် စိတ်ချထားလို့ရနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားရဲ့ ဘဝနေထိုင်မှုပုံစံနှင့်လိုက်ဖက်ပြီး အာမခံအကာအကွယ်ပမာဏကိုလည်း အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲထားတာ ကြောင့် မမျှော်လင့်ထားသော ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များနဲ့ ပိုမိုပြင်းထန်ကျယ်ပြန့်သောကျန်းမာရေးပြဿနာများကို အကောင်းဆုံးကိုင် တွယ် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကြိုက်ကျန်းမာရေးအာမခံနဲ့ ကျန်းမာတဲ့အနာဂတ်အတွက်သေချာအောင် ဒီနေ့ပဲကတိပြုလိုက်ပါ။
Key Benefits
ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
တစ်လုံးတည်းအကျိုးခံစားခွင့်
ဆေးရုံဆေးခန်းပြသခြင်း အတွက် အကျိုးခံစားခွင့်
ထာဝစဥ်မသန်မစွမ်းဖြစ်ခြင်း / အသက်ဆုံးရှုံးခြင်းအတွက် အကျိုးခံစားခွင့်
Product Features
- အခြေခံရောဂါကုသမှုများအတွက်သာမက ပြင်းထန်သောမတော်တဆ ထိခိုက်မှုနှင့် ပြင်းထန်သောရောဂါကုသမှုများအတွက်ပါ အာမခံအကာ အကွယ်ရရှိနိုင်ခြင်း။
- အာမခံအကာအကွယ်ကို အများဆုံးနှစ်(၂၀) အထိ ရရှိနိုင်ခြင်း။
- သင်ကိုယ်တိုင်အတွက်သာမက သင်ချစ်ရသောသူများအတွက်ပါ ဝယ်ယူနိုင်ခြင်း။
- နှစ်ရှည်ကျန်းမာရေးအာမခံ အမျိုးအစားဖြစ်ပေမယ့် ကျန်းမာရေး စစ်ဆေးမှုများကို အာမခံ ဝယ်ယူစဥ် တစ်ကြိမ်သာ ပြုလုပ်ရန် လိုအပ်ခြင်း။
- သင့်တင့်သော ပရီမီယံနှုန်းထားများနှင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရန် ဖန်တီးဆောင်ရွက်ထားခြင်း။
- GGI Nippon Life မှ စုငွေအသက်အာမခံများနှင့် တွဲဖက်၍ ဝယ်ယူလျှင် ပိုမိုသက်သာသော ပရီမီယံအကျိုးခံစားခွင့်အား ရရှိနိုင်ခြင်း။
- ကင်းလွတ်ခွင့် ကာလ (Free Look Period) (၂၁) ရက် ရှိခြင်း။
- အတွင်းလူနာများအတွက် ငွေသားမလိုအပ်ဘဲ ဝန်ဆောင်မှုရရှိနိုင်ခြင်း။
မှတ်ချက်:
Your Path To Health Assurance