page-loading

သက်တမ်းရှိ ကာလလတ်ချေးငွေ

၃နှစ်ထက်မပိုသော သက်တမ်းရှိ ချေးငွေများကို ထုတ်ချေးပါသည်။

နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ

စာရင်းပိုထုတ်ချေးငွေအနေဖြင့်သက်တမ်း (၁)နှစ်ရှိ ချေးငွေများကိုထုတ်ချေးပါသည်။ ထုတ်ယူသုံးစွဲသောပမာဏ‌ပေါ်တွင် အတိုးကျသင့် သော ချေးငွေ အမျိုးအစားဖြစ်ပါသည်။

သက်တမ်းရှိ ကာလတိုချေးငွေ

၁နှစ်ထက်မပိုသော သက်တမ်းရှိချေးငွေများကို ထုတ်ချေးပါသည်။

Find the perfect loan to suit your needs

green-fin
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းသုံးချေးငွေ
  • ချေးငွေပမာဏ ကျပ်သန်း (၅၀၀) အောက် စီးပွားရေးလုပ်ငန်းများသို့ လှည့်လည်ငွေရင်း (Working Capital) လိုအပ်ချက်နှင့် ပုံသေပိုင်ပစ္စည်း (Fixed Capital) လိုအပ်ချက်အတွက် ထုတ်ချေးသည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။    
green-fin
ငွေကြေးဆိုင်ရာအဖွဲ့အစည်းများသို့ချေးငွေ
  • ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော အသေးစားငွေချေးလုပ်ငန်း (Microfinance Institutions)များ၊ ဘဏ် မဟုတ်သော ငွေကြေးအဖွဲ့အစည်းများ (Non-bank Financial Institutions) များသို့ထုတ်ချေးသော ချေးငွေအမျိုးအစား ဖြစ်ပါသည်။
green-fin
တင်ဒါလုပ်ငန်းချေးငွေ
  • အစိုးရတင်ဒါလုပ်ငန်းများအတွက် တင်ဒါတန်ဖိုး၏ ရာခိုင်နှုန်းအချို့အား ထုတ်ချေးသော ချေးငွေအမျိုးအစားဖြစ်ပါသည်။
green-fin
ကုန်ပို့လွှာချေးငွေ
  • ကုန်ရောင်းသူမှသော်လည်းကောင်း၊ ကုန်ဝယ်သူမှသော်လည်းကောင်း ကုန်ဖိုးငွေတောင်းခံလွှာပေါ်တွင် ပေးရန်ရှိ/ရရန်ရှိ တန်ဖိုးလက်ကျန်ငွေ၏ ရာခိုင်နှုန်းအချို့ကို ထုတ်ချေးသော ချေးငွေအမျိုးအစား ဖြစ်ပါသည်။
green-fin
စီးပွားရေးလုပ်ငန်းသုံးချေးငွေ
  • ချေးငွေပမာဏ ကျပ်သန်း (၅၀၀) အထက် ချေးငွေများဖြစ်ပြီး လက်ရှိဆောင်ရွက်ဆဲ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန်အတွက် ဤချေးငွေအမျိုးအစားကို လျှောက်ထားနိုင်ပါသည်။
green-fin
ဂရင်းဖိုင်နေးဇင်းချေးငွေ
  • သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်း၊ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု လျော့ပါးစေခြင်းစသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရလဒ်များရရှိစေရန်အတွက် ၎င်းအားဆောင်ရွက်သော လုပ်ငန်းများသို့ ငွေကြေးထောက်ပံ့ရန် ဤချေးငွေကို လျှောက်ထားနိုင်သည်။
green-fin
အိမ်ရာဆောက်လုပ်ရေးအရစ်ကျချေးငွေ
  • အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကိုလုပ်ကိုင်မည့် အငယ်စားနှင့်အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် မြေပိုင်ရှိသော်လည်း ဆောက်လုပ်စရိတ်မတတ်နိုင်သူများအတွက် ဤချေးငွေကို လျှောက်ထားနိုင်ပါသည်။
green-fin
အာမခံချေးငွေ
  • အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရာတွင် လိုအပ်သော ငွေရေးကြေးရေး အကူအညီများ ထိရောက်လျှင်မြန်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ၊ အဆိုပါလုပ်ငန်းများမှ ဘဏ်ချေးငွေ လျှောက်ထားရာတွင် အာမခံအပေါင်ပစ္စည်းများတင်ပြရန် အဓိက အခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာမှုများအား တတ်နိုင်သမျှလျှော့ချနိုင်ရန် လျှောက်ထားနိုင် သော ချေးငွေအမျိုးအစား ဖြစ်ပါ သည်။