![page-loading](https://mtb.com.mm/wp-content/themes/MTB/assets/images/icons/LOADING.gif)
ဆက်သွယ်ဆောင်ရွက်သူများမှ ဘဏ်သို့လာရောက်၍ ငွေကြေးပေးသွင်းခြင်း၊ ထုတ်ခြင်း နှင့် လွှဲပြောင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ငွေကြေးပမာဏ မည်မျှပင်ဖြစ်စေကာမူ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုနှင့် ဆက်နွယ်ပတ်သက် သည်ဟုသော်လည်းကောင်း သို့မဟုတ် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အတွက် အသုံးပြုခြင်း ၊ အသုံး ပြုရန်ရှိသည်ဟုလည်းကောင်း သံသယဖြစ်ဖွယ်ရာအကြောင်းရှိလျှင် သံသယဖြစ်ဖွယ် ဆောင်ရွက် ချက် များအဖြစ် စုစည်းပြီး အလုပ်လုပ်ရက် ၃ ရက် ထက်နောက်မကျစေဘဲ ငွေကြေးဆိုင်ရာစုံစမ်း ထောက် လှမ်းရေးအဖွဲ့မှ သတ်မှတ်ထားသည့် သတင်းပို့ပုံစံအတိုင်း ပေးပို့ရမည်။
မြန်မာ့ခရီးသွားဘဏ်၏ ဘဏ်ဝန်ဆောင်မှုများတွင် ဥပဒေရေးရာဌာနသည် နိုင်ငံတော်မှချမှတ်ပြဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ဥပဒေရေးရာစီမံခန့်ခွဲမှုအတွက် တာဝန်ရှိပါသည်။ ဥပဒေရေးရာစီမံခန့်ခွဲမှုတွင် ဥပဒေကြောင်းအရ ထိခိုက်နစ်နာမှုများအား ကြိုတင်တားဆီးကာကွယ်ခြင်းနှင့် ပြန်လည်ကုစားခြင်းတို့ပါဝင်ပါသည်။ ဘဏ်၏လုပ်ငန်းဝန်ဆောင်မှုများအား တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရန်နှင့် ဘဏ်၏အကျိုးစီးပွားအား ကာကွယ်ရန်အတွက် မြန်မာ့ခရီးသွားဘဏ်၏ ဥပဒေရေးရာဌာနအား ဥပဒေရေးရာကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။
Content မြန်မာ့ခရီးသွားဘဏ်၏ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် BOD နှင့် Senior Management မှ ချမှတ်ထားသည့် Vision ၊ Mission များနှင့်အညီ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ဘဏ်၏ လုံခြုံရေးရာ နယ်ပယ်ဖြစ်သည့် ငွေကြေး၊ စာရင်း၊ ဝန်ထမ်းရေးရာနှင့် နည်းပညာနှင့်သတင်းလုံခြုံမှုများ အပေါ် မူတည်လျက်ရှိပါသည်။ ဘဏ်တွင်းစာရင်းစစ်ဌာနသည် ယင်းလုံခြုံမှုများကို စီစစ်တည့်မတ် ပေး ခြင်းဖြင့် ဘဏ်၏ ပုံရိပ် မြင့်မားလာစေသည်နှင့်အမျှ ပြည်သူများ၏ ယုံကြည်အားကိုးမှု ပိုမိုရရှိစေရန် ရည်ရွယ်ပါသည်။ Feature စာရင်းစစ်လုပ်ထုံးလုပ်နည်းများ စာရင်းစစ်ဆေးခြင်းအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။ ဘဏ်တွင်းစာရင်းစစ်ဌာနအား ဖွဲ့စည်းထားပြီး ဌာနကြီးများနှင့် ဘဏ်ခွဲများအား Annual Audit Plan အရ လစဉ် နှင့် […]
Myanma Tourism Bank Public Company Ltd; convenes the following General Meetings as required in the Myanmar Companies Law and Constitution of the Bank, attending all shareholders or members of the Bank Company.