page-loading
flexi-about

About လွယ်ကူမြန်ဆန် အသက်အာမခံ

လွယ်ကူရိုးရှင်း သက်သာမြန်ဆန် အားလုံးအတွက် အသက်အာမခံ

မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင် မြန်မာနိုင်ငံအတွင်းက လူတန်းစားမရွေး သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လွယ်ကူရှင်း လင်း မြန်ဆန်စွာ ဝယ်ယူနိုင်မယ့် အကောင်းဆုံးအသက်အာမခံဖြစ်ပါတယ်။

လွယ်ကူမြန်ဆန် အသက်အာမခံကိုထားရှိခြင်းဖြင့် မိမိ မိသားစုအနာဂတ်အတွက် လုံခြုံနွေး ထွေးမှုကို ရရှိစေပြီး တန်ဖိုးထား ချစ်ခင်ရတဲ့မိသားစုဝင်တစ်ဦးဦး မမျှော်လင့်တဲ့အခြေအနေကြုံတွေ့ရတဲ့အခါ မိသားစုဝင်အားလုံးရဲ့ အခြေခံလိုအပ်ချက်တွေကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

Key Benefits

key-benefits-img
ရွေးချယ်စရာ (၁) အသက်ဆုံးရှုံးမှုအကျိုးခံစားခွင့်အတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။
key-benefits-img
ရွေးချယ်စရာ (၂) အသက်ဆုံးရှုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။ မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း/ မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများဖြစ်လျှင် အကျိုးခံစားခွင့် ၂ ဆ (အာမခံထားငွေ စုစုပေါင်း၏ ၂၀၀%) ရရှိနိုင်ခြင်း။

Product Features

  • အနာဂတ်မှာရွေးချယ်စရာတွေနဲ့ပြည့်နက်နေပေမယ့် အမှန်အကန်ဆုံးသောအရာကို ရွေးချယ်ဖို့ရာအတွက် အရိုးရှင်းအလွယ်ကူဆုံးနဲ့ စိတ်ချရတဲ့ အာမခံ အကာအကွယ်အမျိုးအစားတခုဖြစ်တဲ့အပြင် ၊ အာမခံသက်တမ်း နဲ့ ငွေကြေးအသုံးစရိတ်တို့အပေါ်မူတည်ပြီး သင့်ရဲ့အသက်အာမခံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပေးသွင်းရမယ့်အာမခံကြေး တွေဟာ ဈေးနှုန်းသင့်တင့်တာကြောင့် သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လူတိုင်း ရဲ့အနာဂတ် လုံခြုံနွေးထွေးမှုကို ရရှိစေနိုင်မှာပါ။
  • ဘဏ်တွေ နဲ့ အသေးစားငွေချေးလုပ်ငန်းတွေမှာ ချေးငွေထုတ်ယူသူတွေအနေနဲ့ နှစ်တို (သက်တမ်း ၁၂လအောက်) ချေးငွေထုတ်ယူရာတွင် လွယ်ကူမြန်ဆန်အသက်အာမခံကို အာမခံချက်အဖြစ် အသုံးပြုနိုင်ပါတယ်။
  • မိတ်ဖက်စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့လည်း လွယ်ကူမြန်ဆန် အသက်အာမခံကို သူတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ တွဲဖက်ပြီး ထပ်တိုးအကျိူး ခံစားခွင့်အဖြစ် အတူတကွ ရောင်းချနိုင်ပါတယ်။

မှတ်ချက်:

Providing peace of mind for you and your family

You may also interest in

green-fin
ရွေးချယ်စီမံ စိတ်ကြိုက်အာမခံ
  • ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
  • ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
  • တစ်လုံးတည်းအကျိုးခံစားခွင့်
green-fin
စိတ်ကြိုက်စုငွေ အသက်အာမခံ
  • နှစ်စေ့အကျိုးခံစားခွင့် – အာမခံပေါ်လစီပါ အာမခံသက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် အာမခံထားငွေ အပြည့်အဝ ထုတ်ယူနိုင်ပါတယ်။
  • ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံပေါ်လစီသက်တမ်းအတွင်း သက်မှတ်ထားသောနေ့ရက်များတွင် အာမခံထားသူအသက်ရှင်သန်နေပါက ရှင်သန်မှုအကျိုးခံစားခွင့်များကို ထုတ်ယူနိုင်ပါတယ်။
  • ရှင်သန်မှုအကျိုးခံစားခွင့် စုဆောင်းမှုနှင့် အတိုးခံစားခွင့် – ရှင်သန်မှုအကျိုးခံစားခွင့်ကို ထုတ်ပေးရန် သတ်မှတ်ထားသောနေ့ရက်များတွင် မထုတ်ယူဘဲ စုဆောင်းထားရှိနိုင်ပြီး ယင်းစုငွေအပေါ်တွင် အတိုးနှုန်းပါ ထပ်ဆောင်းခံစားခွင့်ရှိပါတယ်။
green-fin
မိဘမေတ္တာ ပညာရေး အာမခံ
  • နှစ်စေ့အကျိုးခံစားခွင့် – အာမခံဝယ်ယူသူ မိခင် (သို့) ဖခင်၊ အာမခံထားသူ (ရင်သွေးငယ်)အာမခံသက်တမ်း အတွင်း ကျန်းကျန်းမာမာ ရှိနေပါက ရင်သွေးငယ် အသက် (၁၇)နှစ်ပြည့် ချိန်ကစပြီးအာမခံထားငွေကို လေးနှစ်ဆက်တိုက်အညီအမျှ ထုတ်ပေးခြင်း။
  • ပရီမီယံကင်းလွတ်ခွင့်– အာမခံဝယ်ယူပေးတဲ့မိခင်(သို့) ဖခင်မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းသို့မဟုတ် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း ကြုံတွေ့ခဲ့ရပါက ပရီမီယံအားလုံးကို ဆက်လက်ပေးသွင်းရန်မလိုဘဲ အာမခံထားသူ (ရင်သွေးငယ်) အသက် (၁၇) နှစ်ပြည့်ချိန်ကစပြီး အာမခံထားငွေ အပြည့်အဝကိုရင်သွေးငယ်မှ လေးနှစ်ဆက်တိုက် အညီအမျှ ရရှိခြင်း။
  • အသက်ဆုံးရှုံးခြင်း – အာမခံထားသူ (ရင်သွေးငယ်) မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းကြုံတွေ့ခဲ့ ရပါကအာမခံဝယ်ယူသူ မိခင် (သို့) ဖခင် အား အာမခံထားငွေ အပြည့်အဝ ထုတ်ပေးခြင်း။
green-fin
ဘဝလုံခြုံမှု စုငွေ အာမခံ
  • နှစ်စေ့ အကျိုးခံစားခွင့် – နှစ်စေ့ ပေါ်လစီအရ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
  • သက်သာသော ပရီမီယံကြေးများ – တစ်လ ၇၂၀၀ကျပ်မှ စတင်ပေးသွင်းနိုင်ခြင်း၊ ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
  • အခြားပေါ်လစီခံစားခွင့်များ – ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့် အခြား ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
green-fin
မိသားစုအကာအကွယ်စုငွေ အသက်အာမခံ
  • (၁) နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။
  • (၂) အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။
green-fin
ချေးငွေပေးဆပ်မှု အကာအကွယ် အသက်အာမခံ
  • အသက်အာမခံထားသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခြင်းဒါမှမဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရင် အကျိုးခံစားခွင့်ရှိသူဆီ အာမခံထားငွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
green-fin
ခရီးသွား အာမခံ
  • ဆေးရုံတက်ကုသခြင်းအတွက် – ဆေးရုံတက်ကုသခြင်းအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။
  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ်အခြေခံ၍အကျိုး ခံစားခွင့်ထုတ်ပေးခြင်း။
  • ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရှိရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိရရှိနိုင်ခြင်း။
green-fin
စုပေါင်း အသက်အာမခံ
  • (၁) အာမခံထားရှိတဲ့ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူခံစား ခွင့်ရှိမှာဖြစ်ပါတယ်။
  • (၂) မတော်တဆထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်ထောက်ခံချက်အပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
green-fin
လုပ်သားပြည်သူ အသက်အာမခံ
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသစဉ် အာမခံထားငွေ၏ ၂% ကို တစ်ကြိမ် (၅)ရက်ဖြင့် အာမခံသက်တမ်း (၁)နှစ်အတွင်း (၃)ကြိမ်အထိ ထုတ်ပေးခြင်း။
  • မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်ပေါ်မူတည်၍ လျော်ကြေးထုတ်ပေးခြင်း။
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း – ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။
green-fin
ပြင်းထန်သောရောဂါကုသမှု အာမခံ
  • ပြင်းထန်သောရောဂါများအတွက် – ပြင်းထန်သောရောဂါ (၁၀) မျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။
  • သေဆုံးခြင်းအတွက် – သေဆုံးသွားသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။ (သတ်မှတ်ထားသည့်ပြင်းထန်သောရောဂါများကြောင့် အကျိုးခံစားခွင့် ပေးချေပြီးဖြစ်နေပါက သေဆုံးမှုအကျိုးခံစားခွင့်ကို ရရှိ နိုင်မည်မဟုတ်ပါ)ပြင်းထန်တဲ့ရောဂါကုသခြင်းနဲ့ သေဆုံးခြင်းအတွက် အကာအကွယ်ပေးမယ့် အကောင်းဆုံးသောအာမခံ။