About မိဘမေတ္တာ ပညာရေး အာမခံ
မိမိရင်သွေး အနာဂတ်ဘဝ ထွန်းလင်းတောက်ပဖို့ဆိုတာမိဘတိုင်းရဲ့ ရင်ထဲမေတ္တာပါပဲ
ရင်သွေးငယ်အပြင် အာမခံထားသူ မိခင် (သို့) ဖခင် ပါ အကာအကွယ်ရရှိနိုင်သည့် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးတစ်ခုတည်းသော မိဘမေတ္တာပညာရေးအာမခံ
အခုဆိုရင် မိဘတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မိဘမေတ္တာ ပညာရေးအာမခံ နဲ့ မိမိရင်သွေးတွေရဲ့ အနာဂတ် အတွက် အစီအစဉ်တွေ ချနိုင်ပါပြီ။ ဒီအာမခံက ဝယ်ယူပေးတဲ့ မိခင် (သို့) ဖခင် မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်းခြင်း ဖြစ်တဲ့အခါမှာ ကိုယ့်ရင်သွေးရဲ့ ပညာရေးနဲ့ အနာဂတ်ကိုအပြည့်အဝ ကာကွယ်ပေးသွားမှာပါ။
Key Benefits
နှစ်စေ့အကျိုးခံစားခွင့် – အာမခံဝယ်ယူသူ မိခင် (သို့) ဖခင်၊ အာမခံထားသူ (ရင်သွေးငယ်)အာမခံသက်တမ်း အတွင်း ကျန်းကျန်းမာမာ ရှိနေပါက ရင်သွေးငယ် အသက် (၁၇)နှစ်ပြည့် ချိန်ကစပြီးအာမခံထားငွေကို လေးနှစ်ဆက်တိုက်အညီအမျှ ထုတ်ပေးခြင်း။
ပရီမီယံကင်းလွတ်ခွင့်– အာမခံဝယ်ယူပေးတဲ့မိခင်(သို့) ဖခင်မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းသို့မဟုတ် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း ကြုံတွေ့ခဲ့ရပါက ပရီမီယံအားလုံးကို ဆက်လက်ပေးသွင်းရန်မလိုဘဲ အာမခံထားသူ (ရင်သွေးငယ်) အသက် (၁၇) နှစ်ပြည့်ချိန်ကစပြီး အာမခံထားငွေ အပြည့်အဝကိုရင်သွေးငယ်မှ လေးနှစ်ဆက်တိုက် အညီအမျှ ရရှိခြင်း။
အသက်ဆုံးရှုံးခြင်း – အာမခံထားသူ (ရင်သွေးငယ်) မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်းကြုံတွေ့ခဲ့ ရပါကအာမခံဝယ်ယူသူ မိခင် (သို့) ဖခင် အား အာမခံထားငွေ အပြည့်အဝ ထုတ်ပေးခြင်း။
ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း – အာမခံထားသူ (ရင်သွေးငယ်) ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။ မှတ်ချက် – ဆေးကုသမှုအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဆေးရုံဆေးခန်းမှာသာပြုလုပ်ရမှာ ဖြစ်ပါတယ်။
Product Features
- မိဘမေတ္တာ ပညာရေးအာမခံက ပုံမှန်ငွေစုသလို ပေးသွင်းရတာဖြစ်ပြီး အာမခံထားသူ (ရင်သွေးငယ်) အသက် (၁) လအရွယ်ကစ လို့ (၁၂) နှစ်သားအရွယ်အထိ ငွေစုရင်းအာမခံ အကာအကွယ် ရယူနိုင်တဲ့ တစ်ခုတည်းသော အာမခံ အမျိုးအစားဖြစ်ပါတယ်။
- အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်းခြင်းဖြစ်တဲ့အခါမှာလည်း အာမခံဝယ်ယူသူ မိခင် (သို့) ဖခင်ကိုရော ရင်သွေးကိုပါ အကာအကွယ် ပေး နေမှာပါ။
- ဒါ့အပြင် အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်နိုင်ခြင်းနဲ့ အခြားပေါ်လစီခံစားခွင့်တွေလည်း ပါဝင်တာကြောင့် မိမိတို့ ရင်သွေးအတွက် အကောင်းဆုံးသော အနာဂတ်ဘဝကို ရှေးရှုနိုင်မှာပါ။
မှတ်ချက်:
All treatments must be performed at a hospital accredited by the Ministry of Health.