page-loading
Scam Awareness
(၁) မလိုလားအပ်သောအရာများပိတ်ပင်ခြင်း

မလိုလားအပ်သော အီးမေးလ်များကို Spam Folder သို့ စိစစ်ပယ်ဖျက်ပြီး မလိုလားအပ်သော ခေါ်ဆိုမှုများနှင့် စာတိုများကို ပိတ်ပင်ပါ။

(၂) ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်မှုများကိုဖြေရှင်းဆောင်ရွက်ခြင်း

ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ (သို့မဟုတ်) ငွေကြေးများကို တောင်းဆိုသောသူများမှ ဖိအားပေးခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုများကို အာရုံမစိုက်ပါနှင့်။ ခေါ်ဆိုမှုကို ပိတ်လိုက်ပါ (သို့မဟုတ်) တုံ့ပြန်ရန် မလိုပါ။

(၃)  မိမိ၏ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုထိန်းသိမ်းခြင်း

မိမိ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ (သို့မဟုတ်) ငွေကြေးဆိုင်ရာအချက်အလက်များကို မည်သူ့ကိုမှ မပေးပါနှင့်။

(၄) သတင်းအချက်အလက်များ မပေးပို့ခင် စဉ်းစားခြင်း

တစ်စုံတစ်ယောက်မှ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ ပေးပို့ခြင်းကို ချက်ချင်းလုပ်ဆောင်ရန်ပြောဆိုပါက၊ စဉ်းစားသုံးသပ်ပြီး မေးမြန်းကြည့်ပါ။ “ တရားဝင် ကုမ္ပဏီတစ်ခုသည် ဒီလိုလုပ်လိမ့်မည်လား?” ဖြစ်နိုင်ခြေရှိ/မရှိစဉ်းစားပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်။

(၅) သက်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ပေးပို့ခြင်း ဟုတ်/မဟုတ် အတည်ပြုစစ်ဆေးခြင်း

အီးမေးလ်များနှင့် စာတိုများမှ လင့်များကို နှိပ်ရန် (သို့မဟုတ်) သင့်အားပေးထားသော နံပါတ်များကို ခေါ်ရန် မလုပ်ပါနှင့်။ ကုမ္ပဏီ၏ တရားဝင် ဝဘ်ဆိုဒ် (သို့မဟုတ်) Call Center (သို့မဟုတ်) Compliance Center သို့ ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုပါ။

(၆) သံသယရှိသော မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ခြင်း

တစ်စုံတစ်ဦးမှ မိမိ၏ အကောင့်အား အချိန်အတိုင်းအတာတစ်ခုထိ အသုံးမပြုရန် ပြောပါက တရားဝင် Call Center (သို့မဟုတ်) Compliance Center (သို့မဟုတ်) အနီးစပ်ဆုံးရှိ ဘဏ်မှတာဝန်ရှိသူနှင့် တိုင်ပင်ဆွေးနွေးရန်။

(၇) ငွေကြေးလိမ်လည်တောင်းခံခြင်းများအတွက် အသိပေးဆောင်ရွက်ခြင်း

Digital Banking Product တစ်မျိုးမျိုးကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးရန် သံသယရှိသူမှ ပြောဆိုလာခြင်းကို လွှဲပြောင်းပေးမိပါက မိမိ၏ငွေကြေးများ ဆုံးရှုံးမည်ဖြစ်ပါသည်။

(၈) သံသယဖြစ်စရာ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် စာတိုများကို ရရှိပါက အောက်ပါအတိုင်းဆောင်ရွက်ရန်
  • လိမ်လည်သူများသည် ဖုန်းနံပါတ်များကို မသမာသောနည်းဖြင့် ရရှိပြီး MTB (သို့မဟုတ်) အခြား ယုံကြည်ရသော ကုမ္ပဏီများမှ ဖုန်းခေါ်ဆိုမှုအဖြစ် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များပေးရန် ဖိအားပေးနိုင်သည်။ အကူအညီတောင်းနိုင်သည် (သို့မဟုတ်) ချက်ချင်းငွေတောင်းနိုင်သည်။
  • ယုံကြည်စိတ်ချရသည့် အီးမေးလ်များကဲ့သို့ပင် မြင်ရသော်လည်း စာလုံးပေါင်းအမှား (သို့မဟုတ်) စာစီစာကုံးအမှားများပါဝင်သော အီးမေးလ်များကို သတိပြုပါ။ ၎င်းတို့သည် သင့်ကိုတုံ့ပြန်ရန်၊ လိမ်လည်နံပါတ်ကိုခေါ်ရန် (သို့မဟုတ်) ဝဘ်ဆိုဒ်သို့သွား၍ ကိုယ်ရေးကိုယ်တာ  အချက်အလက်များဖြည့်ရန် တောင်းနိုင်သည်။ လိမ်လည်သူများသည် သင့်ကွန်ပျူတာကို  ဝင်ရောက်သုံးစွဲနိုင်ခြင်းမရှိစေရန် ပေးပို့လာသောဖိုင်များကို မဖွင့်ပါနှင့်။
  • ပေးပို့သူကို မသိရှိပါက အီးမေးလ်များ (သို့မဟုတ်) စာတိုများတွင်ရှိသော လင့်များကို မနှိပ်ပါ နှင့်။ MTB သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သည့်အခါမှ ဖုန်းခေါ် ဆိုခြင်း၊ အီးမေးလ်ပို့ခြင်း (သို့မဟုတ်) စာတိုပို့ခြင်းဖြင့် မတောင်းဆိုပါ။ သံသယရှိပါက Call Center ဖုန်းနံပါတ် (သို့မဟုတ်) တရားဝင် Website ပါ ဖုန်းနံပါတ်တို့ကို ခေါ်ဆိုပါ။
(၉) အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်ရန် အကြံပေးချက်များ
  • မိမိ၏ Pin Number (လျှို့ဝှက်နံပါတ်) များကို ခက်ခဲသော စကားဝှက် (သို့မဟုတ်) စကားစုများကို အသုံးပြုပါ။ (NRC Number နှင့် Date of Birth Number များကိုအသုံးမပြုရန်)
  • Virus တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် Software သို့မဟုတ် Application ကို အမြဲ Updatedလုပ်ရန်။
  • Public Wi-Fi များကို အသုံးမပြုရန်။ Public Wi-Fi များမှ လိမ်လည်သူများသည် သင်၏ ဒေတာကို ရယူသွားနိုင်ပါသည်။
  • ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထည့်ရန်မပြုမီ တရားဝင် Website ဟုတ်မဟုတ် စစ်ဆေးပါ။
  • လူမှုကွန်ရက်များတွင် သင်၏အချက်အလက်များကို မည်သူ့ကို မျှဝေနေသည်ကို သတိပြုပါ။
  • ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းသည် သင့်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကို 24/7စီမံခန့်ခွဲနိုင်စေသည်။ ဘဏ်လက်ကျန်စစ်ဆေးခြင်း၊ စာရင်းရွှေ့ပြောင်းခြင်းနှင့် ဘေလ်ပေးဆောင်ခြင်းများကို အချိန်တိုင်းပြုလုပ်နိုင်သည်။ ထို့ကြောင့် သင့်ငွေကြေးအကောင့်များကို အမြဲတမ်း Two-Factor Authentication (2FA) ကို အသုံးပြု၍ကာကွယ်ပါ။
(၁၀) ဝန်ဆောင်မှုပေးသည့်လမ်းကြောင်း (Delivery Channel) ကြောင့်ဖြစ်ပေါ်ခြင်း

ဝန်ဆောင်မှုပေးသည့် လမ်းကြောင်းသည် Digital နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်၍ ၎င်းနည်းပညာကို အခြေပြု၍ မသမာသူများမှ ဖော်ပြပါနည်းလမ်းများဖြင့် လိမ်လည်မှုများကို ကျူးလွန်လျက် ရှိပါသည်။

  • မသမာသူမှ Customer ၏ Email သို့ Email Address အတုများဖြင့် Link များပေးပို့ခြင်း။
  • မသမာသူမှ Customer ၏ Mobile Handset အား ခိုးယူခြင်း၊ ကောက်ရခြင်းဖြစ်ပေါ်၍  ပိုင်ရှင်၏ ဘဏ်လုပ်ငန်းဆိုင်ရာအကောင့်များကို ဝင်ရောက်အသုံးပြုခြင်း။
  • မသမာသူမှ Customer ၏ မိုဘိုင်းလ်ဆင်းကဒ်နံပါတ်ကို သိရှိ၍ သက်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုရုံးတွင် ဆင်းကဒ်ပျောက်ဆုံးလျှောက်ထားပြီး ဆင်းကဒ်ရရှိပါက မသမာမှုများ ဆက်လက်လုပ်ဆောင်ခြင်း။
  • မသမာသူမှ ဘဏ်အရာရှိဟန်ဆောင်ကာ Account Maintenances ပြုလုပ်ပါမည်ဟု သုံးနှုန်း၍ Customer ၏ လျှို့ဝှက်နံပါတ်များ တောင်းခံ၍ လိမ်လည်ခြင်း။
  • Online Shopping Page အတုများမှ ပစ္စည်းများရောင်းချ၍ ငွေပေးချေစေပြီး ပစ္စည်းများမပို့ပဲလိမ်လည်ခြင်း။
(၁၁) လိမ်လည်မှုခံရခြင်းဖြစ်ပေါ်ပါက အောက်ပါအတိုင်းဆောင်ရွက်ရမည်         

လိမ်လည်ထုတ်ယူခြင်းခံရသူ (လိမ်လည်ခံရသူ) သည် မိမိ၏ မိုဘိုင်းငွေကြေးစာရင်းမှ ငွေများလိမ်လည် ခြင်းခံရပါက အောက်ပါတို့ကိုဆောင်ရွက်ရမည်။

  • သက်ဆိုင်ရာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း၏ စုံစမ်းမေးမြန်းသည့်စင်တာ (Call Center)၊ တိုင်တန်း ချက်လက်ခံသည့်စင်တာ (Complaint Center) သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရမည်။
  • ဆက်သွယ်အကြောင်းကြားချက်အရ စုံစမ်းမေးမြန်းသည့်စင်တာ(Call Center)၊ တိုင်တန်းချက် လက်ခံသည့်စင်တာ  (Complaint Center) မှ လိုအပ်၍ တောင်းခံသည့်အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရမည်။
  • သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ရမည်။
  • သက်ဆိုင်ရာနယ်မြေရဲစခန်းသည် မိုဘိုင်းငွေကြေးစာရင်းမှငွေများ လိမ်လည်ခံရသူ၏ တိုင်တန်းချက်ကို လက်ခံရရှိပါက ချက်ချင်းအမှုဖွင့်လှစ်ဆောင်ရွက်ပေးရမည်။ အမှုဖွင့်လှစ်သည့် နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးသည်နှင့် ချက်ချင်းဖုန်းဖြင့်ဖြစ်စေ၊ ဖက်စ် (Fax) ဖြင့်ဖြစ်စေ၊  အီးမေးလ် (e-mail) ဖြင့်ဖြစ်စေ မြန်မာ့ခရီးသွားဘဏ်သို့ အကြောင်းကြားရမည်။
  • MTB Bank သည် စစ်ဆေးပြီးမှန်ကန်ပါက တိုင်ကြားသူ၊ လိမ်လည်သူဟု သံသယရှိသူနှင့်  ဆက်နွယ်သူတို့၏ ငွေစာရင်းများ ယာယီတားဆီးခြင်းကို ၇၂ နာရီကြာ ထိန်းသိမ်းထားရှိပေးမည် ဖြစ်သည်။
11 January 2025

နောက်ဆုံးရသတင်းများ

csr-bl
Corporate Governance Free Seminar & Panel Discussion 2026

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်စနစ်နှင့်အညီ တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ PIU College နှင့် UMBEEA တို့ ပူးပေါင်းကျင်းပသည့် “Corporate Governance Free Seminar & Panel Discussion 2026” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI (Mingalar Hall) ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Corporate Governance ဆိုင်ရာ အသိပညာရပ်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာသောင်းဌေး (Honorable Professor - PIU College) မှ ဦးဆောင် ဟောပြောပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ “Corporate Governance Culture For Business “ ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ ဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး (Retired Union Minister)၊ မြန်မာ့ခရီးသွားဘဏ်၏ CEO ဒေါက်တာဝင်းလွင်၊ U9 ၏ CEO Ms. Caroline Yin Yin Htay နှင့် Group CEO - Pun Hlaing Hospitals ဒေါက်တာဇော်ဝင်းစန္ဒီတို့မှ Panelists များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး ဦးကျော်ဒေဝ (President - UMBEEA) မှ Moderator အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများအတွင်း ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ်များကို စနစ်တကျ တည်ဆောက်ပုံများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ယခုကဲ့သို့ စီးပွားရေးနှင့် ပညာရေးကဏ္ဍကို ပေါင်းကူးပေးသည့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ မှန်ကန်စနစ်ကျသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့်အပြင်၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ချဲ့ထွင်လိုသော လုပ်ငန်းရှင်များအတွက်လည်း ခိုင်မာစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐡𝐚𝐭 𝐌𝐚𝐭𝐭𝐞𝐫𝐬: 𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐚𝐧𝐤𝐢𝐧𝐠 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧𝐬

ယနေ့ မြန်မာနိုင်ငံမှာ Scammers တွေရဲ့ နည်းလမ်းတွေက နေ့စဉ်နဲ့အမျှ ပိုမိုနက်နဲလာပြီး မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးတွေဟာ Online Scam တွေ၊ Fake Investments တွေကြောင့် ဆုံးရှုံးနေရတာ တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။ ဒီနေ့မှာတော့ Myanma Tourism Bank (MTB) မှာ ကျင်းပခဲ့တဲ့ “ဝေးဝေးရှောင်” (Way Way Shaung) – Scam Prevention Ambassadors Program ရဲ့ Certificate Awarding Ceremony ဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာ ခြေလှမ်းတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ ဘဏ်တစ်ခုရဲ့ တာဝန်ဟာ ငွေကြေးဝန်ဆောင်မှုပေးရုံတင် မဟုတ်ဘဲ “Trust” (ယုံကြည်မှု) ကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်။ သို့ပါသောကြောင့် ဒီနေ့ သင်တန်းဆင်းခဲ့ကြတဲ့ ဘဏ်ရဲ့ ဝန်ထမ်း Scam Prevention Ambassadors တွေဟာ ရိုးရိုးဝန်ထမ်းတွေမဟုတ်တော့ဘဲ- လိမ်လည်မှုနည်းလမ်းသစ်တွေကို ကြိုတင်သိမြင်နိုင်မယ့် Frontline Defenders တွေ၊ သုံးစွဲသူတွေကို အချိန်မီ သတိပေးနိုင်မယ့် Knowledge Sharers တွေ ဖြစ်လာကြပါပြီ။ Nation Building မှာ Digital Literacy က အလွန်အရေးကြီးလာပြီဖြစ်သောကြောင့် မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးများ မဆုံးရှုံးစေဖို့အတွက် “Secure Finance, Informed Community” ဆိုတဲ့ မူဝါဒအတိုင်း MTB Bank မှ ဆက်လက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ယနေ့ အောင်မြင်စွာ သင်တန်းဆင်းခဲ့တဲ့ Scam Prevention Ambassadors တွေအားလုံးအတွက် အထူးဂုဏ်ယူပါတယ်။ Knowledge Shared = Loss Prevented. သင်ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း Scam အန္တရာယ်တွေအကြောင်း အမြဲသတိပေး၊ မျှဝေပေးကြဖို့ MTB မှ တိုက်တွန်းချင်ပါတယ်။ Let’s stay alert. Let’s protect our people. . Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ – တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးcjif;

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ - တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဟောင်းမိတ်သစ်များ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အထွေထွေအာမခံဝန်ဆောင်မှုများကို 𝐌𝐓𝐁 ဘဏ်ခွဲများတွင် အဆင်ပြေချောမွေ့စွာ ရယူနိုင်ရန်၊ အာမခံပရီမီယံကြေး ပေးသွင်းခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘဏ်စနစ်ဖြင့် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ပိုမိုတောက်ပတဲ့ အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ Chief Executive Officer ဦးဝင်းလွင် နှင့် “FNI (General)” ၏ Chief Executive Officer Mr. Indren Stephen Naidoo တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး "မြန်မာ့ခရီးသွားဘဏ်" ၏ Chief Credit Officer ဦးကျော်သူရဝင်းနှင့် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းတို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow