page-loading

News And Events

Discover the news that tailored to your needs at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘)တို့ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခြင်း

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘) တို့သည် မြန်မာနိုင်ငံ၏ ရပ်ရွာလူထုဘဝ သာယာဝပြောရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ 𝐌𝐞𝐥𝐢𝐚 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 (𝐋𝐞𝐯𝐞𝐥 𝟐) ၌ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ရပ်ရွာစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းစတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အတူတကွ ဖော်ဆောင်သွားကြရန် အဆိုပါ လက်မှတ်ရေးထိုးခြင်းတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါ်သိင်္ဂီလင်းနှင့် “𝐑𝐂𝐂𝐘” ၏ 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 ဒေါ်မေမြတ်မွန်ဝင်းတို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐂𝐄𝐎 ဦးဝင်းလွင်နှင့် “𝐑𝐂𝐂𝐘” ၏ 𝐂𝐥𝐮𝐛 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐲 ဦးသန်းထွဋ် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြသည့် မှတ်တမ်းပုံရိပ်များမျှဝေဖော်ပြရင်း သတင်းစကားပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သင်ကိုယ်တိုင်မှ စတင်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လှည့်ဖြားမှုများမှ ကာကွယ်ပါ

၁။ Online လိမ်လည်မှုများနှင့်ပတ်သက်၍ သိကောင်းစရာများ နည်းပညာဖွံ့ဖြိုးမှုနှင့်အမျှ လူမှုကွန်ရက်အသုံးပြုမှုများလာသည်နှင့်တပြေးညီ Online အခြေပြုလိမ်လည်မှုများလည်း များပြားလာသည်မှာ ယနေ့ခေတ်ပြည်သူများကြားတွင် အရေးကြီး သော ပြဿနာတစ်ခုဖြစ်လာပါပြီ။ ၂။ Online လိမ်လည်မှုဆိုတာဘာလဲ Online လိမ်လည်မှုဆိုသည်မှာ တယ်လီ ဖုန်း၊ လူမှုကွန်ရက်၊ Website၊ Application များနှင့် Internet banking စသည့် အွန်လိုင်းပလက်ဖောင်း များကိုအသုံးချကာ အများပြည်သူများထံမှ ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက် အလက်များကို လိမ်လည်လှည့်ဖြား၍ရယူခြင်း ဖြစ် သည်။ ယင်းတို့တွင် အသုံးများလာသည့် ဝန်ဆောင်မှု များဖြစ်သော Mobile Banking၊ Mobile Pay စသည်တို့ကို လိမ်လည်မှုကြားခံအဖြစ် အသုံးပြုလာကြကြောင်း တွေ့ရှိရပါသည်။ ၃။ အများဆုံးတွေ့ရသည့် Online လိမ်လည်မှုပုံစံ (၅) မျိုး အထင်ရှားဆုံး Online လိမ်လည်မှုပုံစံများမှာ - • Application များ၊ Website၊ Facebook အတုများ အသုံးပြု၍ သတင်းအချက်အလက် များ ရယူပြီး လိမ်လည်ခြင်း(Phishing Fraud) • ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်း အယောင်ဆောင်၍ လိမ်လည်ခြင်း၊ (Social Media and Telecommunication Fraud) • အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) • အရောင်းအဝယ် လုပ်ငန်းများ၊ ရင်နှီးမြုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud) • အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) ၄။ အခြားသော Online လိမ်လည်မှုနည်းလမ်းများ • လိမ်လည်အလှူခံခြင်း၊ • Online shop live sale များအောက်မှ ဝင်ရောက်၍ ဝယ်ယူသူများထံ Online Shop Account အတုဖြင့် သွားရောက် လိမ်လည် ခြင်း၊ • ဗေဒင်ယတြာအစီအမံဆရာ အယောင်ဆောင် Account အတုများပြုလုပ်၍ ငွေများ အကြိမ်ကြိမ် လွှဲခိုင်းကာလိမ်လည်ခြင်း၊ • အတိုင်ပင်ခံ Account အတုများပြုလုပ်ပြီး ကိုယ်ရေးအချက်အလက်များရယူ၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊ • ပွဲအခမ်းအနား ဖိတ်ကြားယောင်ဆောင်၍ ကံစမ်းမဲဖောက်ပေးမည်ဟုဆိုကာ မက်လုံး ပေးလိမ်လည်ခြင်း၊ • အုပ်ချုပ်ရေးအာဏာပိုင်အယောင်ဆောင်၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊ အစရှိသဖြင့် Online လိမ်လည်မှုများ ကျူးလွန်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ၅။ လိမ်လည်သူများ၏ပုံစံနှင့်သဘောထား • တစ်ဦးတည်းမဟုတ်ပဲ အုပ်စုဖွဲ့လုပ်ကိုင်ခြင်း • IT နည်းပညာတတ်ကျွမ်းသူများပါ ပါဝင်ခြင်း • Webpage၊ Application အတုများဖန်တီး ခြင်း • အထင်ကြီးအောင် အသွင်အပြင်ပြုလုပ်ခြင်း • တချို့အမှုများတွင် ခြိမ်းခြောက်၍ အတင်းအကြပ် ပါဝင်စေခြင်း ၆။ Online လိမ်လည်မှုများကို ကာကွယ်ရန်အတွက် အကြံပြုချက်များ • ကိုယ်ရေးကိုယ်တာအချက်အလက် (CSC၊ Password) တို့အား မည်သည့်သူကိုမဆို လွယ်ကူစွာ မပေးအပ်ရန် • မသိရှိသော Application များကို Download မလုပ် ရန် • သေချာသောအဖွဲ့အစည်း / လူပုဂ္ဂိုလ်ကိုသာ ယုံကြည် ဆက်သွယ်ရန် • ကိုယ်နှင့်ဆက်သွယ်သူ၏ KYC (Know Your Customer) အချက်အလက်များကို စစ်ဆေးမှု မပြုမီ ယုံကြည်မှု အလုံးစုံမထားရန် • မသိရှိ / မရင်းနှီးသူများ၏ အကြံဉာဏ်များကို လွယ်လင့် တကူမလိုက်နာရန် • မသိရှိသူများမှ ပေးပို့လာသော Online Link များအား အလွယ်တကူဝင်ရောက်ခြင်းမပြုရန်

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
“သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ် “

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့၏ “သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ် “ခေါင်းစဉ်ဖြင့် မျှဝေချက်များအား မိဘပြည်သူတို့အားလုံး သိရှိ၍ အွန်လိုင်းလိမ်လည်မှုအန္တရာယ်မှ ကြိုတင် ကာကွယ်ရှောင်ရှားနိုင်စေရန် ရည်ရွယ်ပြီး မြန်မာခရီးသွားဘဏ် (MTB Bank ) မှ ထပ်ဆင့် မျှဝေ ဖော်ပြပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
ကိုယ်တိုင်ကာကွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်

ငွေကြေးလိမ်လည်သည့် မသမာသူများသည် နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်နေကြပါသည်။ ယခုအခါ အများဆုံး လိမ်လည်မှုအန္တရာယ်ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် အွန်လိုင်းမှတစ်ဆင့် မိမိ၏ အရေးကြီးအချက်အလက်များ ခိုးယူခံရခြင်းကြောင့် မလိုလားအပ်သော ငွေကြးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြ ရပါသည်။ သိုပါသောကြောင့် MTB Bank ၏ မိတ်ဟောင်းမိတ်သစ်များအားလုံး သတိထားနိုင်စေရန် မိမိကိုယ်တိုင် ကာကွယ်လိုက်နာရမည့် အရေးကြီးအချက်အလက်များကို မျှဝေဖော်ပြပေးအပ်ပါသည်။ 🔺အွန်လိုင်းမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား မသမာသူများ၏ တလွဲအသုံးချမခံရစေရေးအတွက် သတိပြုရမည့်ချက်များ ✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့်ပင် တူပါသည်။ ✅ မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ပင် ဖြစ်ပါသည်။ ✅ နိုင်ငံသားစိစစ်ရေးကတ်အတုများသုံးစွဲခြင်းသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်ကို သတိထားရန် လိုအပ်ပါသည်။ ✅ စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ အသုံးပြုသင့်ပါသည်။ 🔺နိုင်ငံသားစိစစ်ရေးကတ်ကို တလွဲအသုံးချခံရခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ ✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ မပေးပါနှင့်။ ✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်။ ✅ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်းမပြုပါနှင့်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 အသုံးပြုသူမိဘပြည်သူများအနေဖြင့် မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှုတွေမဖြစ်စေဖို့ သံသယဖြစ်ဖွယ်ကိစ္စရပ်များကြုံတွေ့လာပါက 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 ဖုန်းနံပါတ် - 09 682 682 682 သို့ဆက်သွယ်မေးမြန်းဖို့ အကြံပြုလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့ #MyanmaTourismBank #MTBBank#ScamAwareness #NRC #IdentityTheft #OnlineFraud #StayAlert

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြုချက်ဖြင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁) နှင့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့အတူ ပူးပေါင်း၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက်   နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုအား အများပြည်သူသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ 𝐌𝐓𝐁 ဘဏ်နှင့် 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 တို့၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုဆောင်ရွက်ခြင်းမှ အဓိက အကျိုးကျေးဇူးများအနေဖြင့် - ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ 𝐌𝐓𝐁 ဘဏ်ခွဲ (၁၈) ခုရှိရာ ဒေသများမှနေ၍  လွယ်ကူစွာ ငွေလွှဲ ထုတ်ယူနိုင်ခြင်း - 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ အဆင့်မြင့်နည်းပညာကိုအခြေပြု၍ 𝐌𝐓𝐁 ဘဏ်၏ လုံခြုံစိတ်ချရသော ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့် ချိတ်ဆက်ဝန်ဆောင်မှုကို ရယူနိုင်ခြင်း - 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 𝐎𝐧𝐥𝐢𝐧𝐞 ၏ ဝက်ဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပ်မှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းများစွာအနက် သင့်ကြိုက်နှစ်သက်သည့် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ ကမ္ဘာတစ်ဝှမ်းရှိ တည်နေရာ (၄၄၀,၀၀၀) ကျော်အနက်မှ မည်သည့်နေရာတစ်ခုကိုမဆို သွားရောက်၍ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လွယ်ကူစွာငွေလွှဲနိုင်ခြင်း - ဝန်ဆောင်ခသင့်တင့်ပြီး ယုံကြည်စိတ်ချနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။   ဤနေ့၊ ဤအချိန်အခါကာလ၌ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအား အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  မြန်မာ့ခရီးသွားဘဏ် အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်မှ “ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက် ယခုကဲ့သို့ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 နှင့် 𝐌𝐓𝐁 တို့ပူးပေါင်း၍ ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို ပိုမို စိတ်ချ၊ မြန်ဆန်၊ လွယ်ကူ၊ လျင်မြန်မှုရှိအောင်   ကြိုးစားလုပ်ဆောင်ရန် 𝐌𝐓𝐁 ဘဏ်အနေဖြင့် ကတိပြုပါ ကြောင်း”  ပြောကြားခဲ့သလို 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 ၏ 𝐒𝐨𝐮𝐭𝐡 𝐄𝐚𝐬𝐭 𝐀𝐬𝐢𝐚, 𝐈𝐧𝐝𝐨 𝐂𝐡𝐢𝐧𝐚 & 𝐎𝐜𝐞𝐚𝐧𝐢𝐚 ၏ ဒေသတာဝန်ခံဖြစ်သူ 𝐌𝐫.𝐕𝐢𝐣𝐚𝐲 𝐑𝐚𝐣 𝐏𝐨𝐝𝐮𝐯𝐚𝐥 မှလည်း "𝐌𝐓𝐁 ဘဏ်နှင့် ယခုလို ပူးပေါင်း အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံသားတို့၏ မြန်မာနိုင်ငံအတွင်းရှိ မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် နေ့စဉ်လူမှုဘဝ အသုံးစရိတ်များအတွက် မိတ်ဆွေတို့ရဲ့ လွှဲပြောင်းပေးပို့လိုက်သော ငွေကြေးတိုင်းအတွက် အထူးအလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုထပ်လောင်း အသိပေးပြောကြားခဲ့ပါသည်။   မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍတွင် ခေတ်မီအဆင့်မြင့် သောဝန်ဆောင်မှုများဖြင့် မိဘပြည်သူများ တိုးတက်၊ အောင်မြင်မှုများရရှိစေရန် အလေးထားဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်ပြီး 𝐌𝐨𝐧𝐞𝐲𝐆𝐫𝐚𝐦 သည် ကမ္ဘာအနှံ့ငွေလွှဲဝန်ဆောင်မှုများတွင် ဦးဆောင်နေသော ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း (၂၀၀) ကျော်ရှိ လူဦးရေ သန်း (၅၀) ကျော်အား ဝန်ဆောင်မှုပေးကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံကျော် ငွေလွှဲပြောင်းမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းအပ်ပလီကေးရှင်းနှင့် အွန်လိုင်း ကွန်ယက်များဖြင့် ကမ္ဘာအနှံ့ငွေလွှဲပြောင်းဝန်ဆောင်မှုများကို မြန်ဆန်၊ လုံခြုံစွာ ဆောင်ရွက်လျက်ရှိပါသည်။   𝐅𝐨𝐫 𝐌𝐨𝐫𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧, 𝐏𝐥𝐞𝐚𝐬𝐞 𝐂𝐨𝐧𝐭𝐚𝐜𝐭: 𝐍𝐀𝐌𝐄        : Kay Thwe Than (Mrs) 𝐏𝐎𝐒𝐈𝐓𝐈𝐎N : Assistant General Manager, Myanma Tourism Bank 𝐄𝐌𝐀𝐈𝐋       : kaythwethan@mtb-bank.com 𝐏𝐇𝐎𝐍𝐄      : 09-680682862

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
 “ သင်၏သွေးဖြင့် အသက်ကယ်ပါ”

“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။ သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည်  ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော "သွေး" များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow