
At MTB Bank, we understand the importance of corporate social responsibility (CSR). Therefore, our CSR initiatives are aimed at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.
"သင့်သွေးဖြင့်အသက်ကယ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သွေးလှူဒါန်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝနဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေတဲ့ မွန်မြတ်တဲ့အလှူဒါနတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဂုဏ်ယူစွာနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် 12-Aug-2023 - ပထမအကြိမ်၊ 20-Jan-2024 - ဒုတိယအကြိမ်၊ 24-Aug-2024 - တတိယအကြိမ်၊ 1-April-2025 - စတုထ္ထအကြိမ်၊ 23-Aug-2025 - ပဉ္စမအကြိမ်တိုင်အောင် စုပေါင်းသွေးလှူဒါန်းခြင်းကို ပီတီဖြစ်ဖွယ် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ MTB Bank သည် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ ကြိုးစားနေရုံသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း အစဉ်တစိုက် ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းပွဲဟာ ကျွန်တော်တို့ရဲ့ကတိကို သက်သေပြလိုက်ခြင်းပါပဲ။ ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အဓိပ္ပာယ်ရှိလှသည့် အစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူ အားလုံးကို MTB Bank မှလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အားလုံးရဲ့ပူးပေါင်းပါဝင်မှုက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တော့မှာမို့ မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်ပီတ ဖြစ်စွာဖြင့် မျှဝေဖော်ပြပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်“အာရောဂျံ၊ပရမံ၊လာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသောဆိုရိုးစကားများနှင့်အညီ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်စေရန် မြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ရောဂါဘယ ကင်းဝေးစေရေးအစီအစဉ် တစ်ရပ်အနေဖြင့် MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့် ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ဆရာမများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုဖြင့် ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)တည်ရာ၌ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား ပြန်လည်မျှဝေဖော်ပြအပ်ပါသည်။ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ MTB ဘဏ်ဝန်ထမ်းများမှ ကျန်းမာ၍ ရောဂါဘယကင်းစွာဖြင့် မိတ်ဟောင်းမိတ်သစ်ကြီးများအား အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ပါကြောင်းလည်း ဖြည့်စွက်အသိပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။ သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည် ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော "သွေး" များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်ဖတ်ရှု့ရန်မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကူညီထောက်ပံ့ရန် ကွဲပြားခြားနားသော နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ COVID-19 ကာကွယ်ရေး အသိပညာပေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့နှင့် အခြားဒေသများရှိ ဆေးရုံများသို့ ကုသရေးအထောက်အပံ့များ၊ ရောဂါကာကွယ်ရေး သုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုများသာမက မြန်မာ့ခရီးသွာဘဏ်သည် ၎င်း၏ ဌာန၊ ဘဏ်ခွဲအသီးသီးရှိ ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ရေး နှာခေါင်းစီး၊ လက်အိတ်၊ အားဆေးများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်MTB Pay Digital Wallet ဝန်ဆောင်မှု စတင်မိတ်ဆက်သည့်ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန၌ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော လှူဒါန်းမှုတစ်ရပ်အဖြစ် စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နှင့် ၁၅ ရက်နေ့များအတွင်း မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်နှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ရှိ ဘဏ်ခွဲအသီးသီးမှ စေတနာ့ဝန်ထမ်းများသည် ရေဘေးသင့် ဒေသများသို့ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ နေပြည်တော် (အောင်စည်သာကျောင်း) အတွင်းမှ အရေးပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၉,၅၀၀) ဦးအတွက် အစားအစာနှင့် အရေးအပေါ်အထောက်အပံ့များ လှူဒါန်းခဲ့ကြပါသည်။ အရေးပေါ်အကူအညီလိုအပ်နေသည့် ဒေသများဖြစ်သည့် ကျီးအင်းကျေးရွာ၊ လှေကွင်းတောင်၊ မရှိခန ဘုရားကြီးနှင့် တပ်ကုန်း စသည့် နေရာများထိအရောက် သွားရောက်ပြီး ကူညီကယ်ဆယ်ရေး အထောက်အပံ့များလည်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ရေးဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ လည်း ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန်ယူမှုဆောင်ရွက်မှုများအနေဖြင့် အခြားသော သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် သံဓိဌာန်ချထားပြီး ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်